အခန်း ၂၈: ဒုတိယမြောက်မွေးစားသူ

3.4K 652 52
                                    

{Unicode}

အခန်း ၂၈: ဒုတိယမြောက်မွေးစားသူ

ပထမမွေးစားတဲ့သူကအရက်သမားဖြစ်နေပြီး သူ့အိမ်ပါမီးလောင်သွားတာကြောင့် နင်နင်ဒီတစ်ခေါက်မှာတော့ သေသေချာချာရွေးချယ်ရတော့တယ်။ သူမဘာသာစကားဆရာမတစ်ဦးကို ရွေးချယ်လိုက်တယ်။ ဆရာမကဝဝဖြိုးဖြိုးရှိပြီး ဖော်ရွေတတ်တဲ့ပုံပေါ်တယ်။

"ကျွန်မအသက်က၅၀ပါ၊ မကောင်းတဲ့အလေ့အကျင့်ရယ်လို့တော့မရှိပါဘူး၊ မြစ်ကမ်းနားမှာငါးထွက်မြှားရတာကိုဝါသနာပါတယ်" ဘာသာစကားဆရာမက သူမကိုယ်ကိုသူမမိတ်ဆက်လာတယ်။ "ကျွန်မကအိမ်ထောင်ရောကလေးရောမရှိဖူးဘူး၊ တဖြည်းဖြည်းလူကအသက်ရလာတော့ ကျွန်မသေရင်အနားမှာရှိနေပေးမဲ့ကလေးတစ်ယောက်လောက် လိုချင်လာတယ်လေ၊ အား မင်းစာအုပ်ဖတ်ရတာကြိုက်လား?"

ဝမ်ယွီစာအုပ်စင်အရှေ့မှာရပ်ကာ သူမကိုကြည့်လိုက်တယ်။

ဘာသာစကားဆရာမကပြုံးကာ <နတ်ဘုရားတို့ရဲ့အခမ်းအနား> ရုပ်ပြဇာတ်လမ်းတွဲတစ်ခုလုံးကိုယူချပြီး ဝမ်ယွီကိုပေးလိုက်တယ်။ "ဧည့်ခန်းထဲမှာသွားဖတ်သွား၊ အဲ့မှာအလင်းရောင်ပိုရတယ်"

ဝမ်ယွီကနင်နင်ကိုကြည့်လိုက်တယ်။ နင်နင်ခေါင်းညိတ်ပြလိုက်တော့မှ သူရုပ်ပြစာအုပ်တွေကိုဖက်ပြီး ဧည့်ခန်းထဲကိုသွားလိုက်တယ်။

ဘာသာစကားဆရာမကအခန်းတံခါးကိုပိတ်ပြီး နင်နင့်ကိုပြောလာတယ်။ "အခုသူ့အကြောင်းပြောရအောင်"

သူတို့မသိတာက ဝမ်ယွီတကယ်ပဲဧည့်ခန်းထဲကိုမသွားလိုက်ဘူးဆိုတာဖြစ်တယ်။ ဝမ်ယွီကအခန်းတံခါးရှေ့မှာရပ်နေပြီး တံခါးပေါ်မှီကာ သူတို့စကားပြောတာကိုခိုးနားထောင်လို့နေတယ်။

နင်နင်ကအစပိုင်းမှာ ဝမ်ယွီရဲ့ကောင်းချက်လေးတွေကို အလေးထားပြီးများများပြောနေလိုက်တယ်။ ဘာသာစကားဆရာမကနားထောင်ရင်းနားထောင်ရင်းနဲ့ နောက်ဆုံးမှာမှရယ်ပြီးတော့ပြောလာတယ်။ "ရှင်သူ့ကိုဒီလောက်တောင်ချစ်တာ၊ ဘာဖြစ်လို့ရှင့်ဘာသာမပျိုးထောင်ကြည့်တာလဲ?"

"သူကတကယ်လိမ္မာတဲ့ကလေးပါ" နင်နင်ပြောပြီးတော့ ခဏလောက်တိတ်ဆိတ်သွားတယ်။ "ဒါပေမဲ့ကျွန်မကတော့ အရမ်းကောင်းတဲ့လူကြီးမဟုတ်ဘူး၊ ကျွန်မမှာနေစရာနေရာရော အလုပ်ရောသေသေချာချာမရှိဘူး၊ စုထားဆောင်းထားတာလည်းမရှိသလို သူ့ပညာရေးကိုလည်းထောက်ပံ့နိုင်မှာမဟုတ်ဘူး၊ ပြီးတော့ကျွန်မကတစ်ခါတလေလည်း... စိတ်လွတ်သွားတတ်တယ်၊ ကျွန်မမဟုတ်ဘဲ သူ့ကိုတကယ်ဂရုစိုက်ပေးနိုင်တဲ့သူတစ်ယောက်ရှိရင်ပိုကောင်းမှာပါ"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now