{Unicode}
အခန်း ၁၅၅: တစ္ဆေသုတ်သင်ခြင်း
"ကျွန်မရှင့်ကိုယုံလို့မရသေးဘူး"
စင်ပေါ်ကမှာကခုန်နေကြတဲ့ ဖျော်ဖြေသူတွေ ရပ်တန့်လို့သွားတယ်။ ဒီနေ့တစ်နေ့ထဲမှာ ဖြစ်ပျက်ခဲ့တာတွေ အများကြီးရှိခဲ့ပြီး လူစားထိုးလိုက်တာနဲ့ အဆင်ပြေသွားလိမ့်မယ်လို့ သူတို့တွေထင်ထားခဲ့တာဖြစ်တယ်။ ဒါပေမဲ့အခုတော့ နင်ယွိရန်က သူမကိုယ်သူမ စကားတွေပြောနေတယ်။
"ကျွန်မတို့ကို ဒီနော်အကနဲ့မပတ်သက်စေချင်ဘူးဆိုရင် အစကတည်းကပြောခဲ့လို့ရတာပဲ" နင်ယွိရန်ပြောလိုက်တယ်။ "ဒါပေမဲ့ရှင်ဘာမှမပြောခဲ့ဘူး၊ ကျွန်မတို့ကိုဒီရွာထဲရောက်အောင်တောင် ခေါ်လာခဲ့သေးတယ်"
မျက်နှာဖုံးနဲ့လူတွေကိုမြင်ရတာက နင်နင်တစ်ယောက်တည်းမဟုတ်ပေ။ နင်ယွိရန်လည်းမြင်ခဲ့ရတာပဲဖြစ်တယ်။
သူမတို့တွေရွာကိုရောက်လာတဲ့နေ့က လမ်းမှာကားပျက်သွားခဲ့တယ်။ သူမတို့ဆက်သွားသင့်မသွားသင့် စကားများနေကြတုန်းမှ နင်ချင်ပေါ်လာခဲ့တယ်။ သူသူမတို့ကိုသတိပေးခဲ့လို့ရတယ်၊ ဒါမှမဟုတ် သူမတို့ကိုဦးဆောင်သွားနေတုန်းမှာ အနောက်လှည့်ပြီးတော့ ရွာကနေထွက်သွားတော့ဖို့ ပြောခဲ့လို့ရတယ်...
ဒါပေမဲ့သူအဲ့လိုမလုပ်ခဲ့ပေ။
သူတစ်လှမ်းချင်းတစ်လှမ်းချင်းနဲ့ သူမတို့ကို ဒီရွာထဲခေါ်ဆောင်လာခဲ့တယ်။
"ရှင်ကျွန်မတို့ကို ဒီနော်အကနဲ့ပတ်သက်စေချင်နေတာဆိုရင် ရှင့်ရဲ့လက်ရွေးစင်က နင်နင်လား? ကျွန်မလား?" နင်ယွိရန်ခဏတန့်သွားပြီးနောက်မှာ အဖြေကိုသဘောပေါက်လိုက်တယ်။ "...နင်နင်ပဲ"
"ဘယ်သူ့ကိုစကားပြောနေတာလဲ?" အကသမားတစ်ယောက်က နင်ယွိရန်ကိုမေးလာတယ်။ ကျန်တဲ့လူတွေကလည်း သူမကိုဝိုင်းကြည့်နေကြတယ်။ သူတို့အားလုံးက တောင့်တင်းစွာနဲ့ ဟိုဟိုဒီဒီကြည့်နေကြကာ ကြက်သီးတွေထလာကြတယ်။
စင်အောက်ကပရိသတ်တွေဆီကနေလည်း စိတ်မအေးစွာနဲ့ တီးတိုးပြောသံတွေ ထွက်ပေါ်လို့လာတယ်။ သူတို့ထဲကအချို့က ကြောက်စိတ်ကိုဖျောက်ဖို့အတွက် တမင်တကာအသံအကျယ်ကျယ်နဲ့ အော်ပြောလာခဲ့တယ်။
YOU ARE READING
ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »
Mystery / ThrillerFan translation of 这个电影我穿过 [I've Transmigrated Into This Movie Before] Author 梦魇殿下 [Mèngyǎn diànxià (Her Highness, the nightmare)] Status in COO 174 Chapters (+ 2 Extra Chapters) ©️ Cover illustration is fully credited to Z...