အခန်း ၁၄၄: ကိုယ်ပျောက်လူသား

1.9K 406 8
                                    

{Unicode}

အခန်း ၁၄၄: ကိုယ်ပျောက်လူသား

ညစာစားချိန်မှာ နင်နင်ကော်ဖီဆိုင်တစ်ဆိုင်ကို ရောက်လို့နေတယ်။

ညစာဝယ်ကျွေးတဲ့လူက ဝမ်ယွီဖြစ်တယ်။

သူလက်ထဲကမီနူးကို စားပွဲထိုးဆီပြန်ကမ်းပေးလိုက်တော့ စားပွဲထိုးကခေါင်းညိတ်ပြီး လျှောက်ထွက်သွားတယ်။ အဲ့ဒီတော့မှ ဝမ်ယွီနင်နင့်ကို မေးလာတယ်။ "ကျွန်တော်ခင်ဗျားကို အပူပေးသလိုဖြစ်နေပြီလား?"

နင်နင်ပုခုံးတွန့်ပြီး သူ့ကိုမတတ်နိုင်တဲ့ပုံစံနဲ့ ပြုံးပြလိုက်တယ်။

သူမအစက အိမ်ပြန်ဖို့စီစဉ်ထားပေမယ့် လမ်းတစ်ဝက်မှာ ဒါရိုက်တာရှီရဲ့ဖုန်းဝင်လာခဲ့တယ်။ ဝမ်ယွီသူမကို တွေ့ဖို့လာနေပြီမလို့ အိမ်မပြန်နဲ့ဦးလို့ ပြောတာဖြစ်တယ်။

ဝမ်ယွီဒီကိုလာဖို့ ဒါရိုက်တာရှီဖိအားပေးတာ ခံထားရတယ်ဆိုတာ သိသာလှတယ်။ ဒီညစာက အောင်သွယ်ပွဲနဲ့ သိပ်မခြားနားလှပေ။

"အဖေ့ကျန်းမာရေးအခြေအနေ ပိုကောင်းလာတဲ့အချိန်ကျရင် ကျွန်တော်သူ့ကို သေသေချာချာရှင်းပြလိုက်ပါ့မယ်" ဝမ်ယွီလည်း မတတ်နိုင်တဲ့အမူအရာနဲ့ ပြုံးပြလာတယ်။ "အဲ့လိုမှသူခင်ဗျားကို အပူမကပ်နေတော့မှာ"

"ဒါရိုက်တာရှီကသဘော‌ကောင်းပါတယ်၊ ကျွန်မလည်း သူနဲ့စကားပြောနေရရင် စိတ်ထဲနေလို့ကောင်းတယ်" နင်နင်စကားမဆုံးခင်မှာ ဝမ်ယွီရဲ့ဖုန်းသံမြည်လာခဲ့တယ်။ သူမတို့နှစ်ယောက်လုံးရဲ့ အမူအရာတွေ တစ်ချိုးတည်းပြောင်းလဲလို့သွားတယ်။ မဟုတ်မှလွဲ သူမတို့နှစ်ယောက်ကို ကင်းထောက်ဖို့ ဒါရိုက်တာရှီဖုန်းခေါ်လာတာလား?

ဝမ်ယွီဖုန်းကိုတစ်ချက်မြန်မြန်ကြည့်ပြီးတော့မှ သက်ပြင်းချလာတယ်။ သူမတ်တတ်ထရပ်ပြီး နင်နင့်ကိုပြောလာခဲ့တယ်။ "ကျွန်တော့်ရဲ့လူနာတစ်ယောက်ဆက်တာ၊ အားနာပါတယ်၊ ဖုန်းတစ်ချက်လောက် သွားပြောပါရစေ"

နင်နင့်ကိုအားနာကြောင်းပြောပြီးနောက်မှာ လူမရှိတဲ့ပြတင်းပေါက်အနားကို ဝမ်ယွီလျှောက်လာခဲ့တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Donde viven las historias. Descúbrelo ahora