အခန်း ၁၃: စိတ်ရင်းကောင်း

4K 729 20
                                    

{Unicode}

အခန်း ၁၃: စိတ်ရင်းကောင်း

သူဌေးချူဒေါသထွက်နေတယ်။

အဲ့ဒါကဆက်ကပ်ရဲ့လည်ပတ်မှုကိုထိခိုက်မှာကိုလည်းသူဂရုမစိုက်နိုင်တော့ပေ။ ဆက်ကပ်အရံတွေအကုန်လုံးကို သူဆက်ကပ်ဖျော်ဖြေရေးအဖွဲ့ထဲ အချိန်မတိုင်သေးဘဲပွဲဦးထုတ်ပေးချင်နေတယ်။

"အားလုံးမင်းရဲ့အမှားပဲ!" နှိပ်စက်ခန်းထဲမှာ သူဌေးချူ ချန်ကျွင်းယန့်ရဲ့ဆံပင်ကိုဆွဲပြီး ရက်စက်စွာပြောလိုက်တယ်။ "မင်းရော လုံအာရော၊ တစ်ယောက်မှအလွတ်မပေးဘူး! အားလုံးသစ်သားရုပ်တစ်ခုစီရွေးကိုရွေးရမယ်!"

ချန်ကျွင်းယန့်ရဲ့မျက်နှာတစ်ခုလုံးဖုဖောင်းနေတယ်။ သူကဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကာ ပြုံးရင်းမေးလိုက်တယ်။ "အခုသခင်မလေးခင်ဗျားကိုကြောက်နေပြီလား?"

သူဌေးချူရဲ့မျက်နှာမဲ့သွားပြီးမှ သူ‌ရယ်မောလိုက်တယ်။

"ကောင်းတယ်၊ အရမ်းကောင်းတယ်" သူလက်ကိုလွှတ်လိုက်တော့ ချန်ကျွင်းယန့်ကမြေကြီးပေါ်ကိုပြုတ်ကျသွားတယ်။ သူဌေးချူသူ့ကိုငုံ့ကြည့်ကာရယ်လိုက်တယ်။ "မင်းကရက်စက်တဲ့ကောင်ပဲ၊ ငါ့ထက်တောင်ဆိုးသေးတယ်၊ ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကြောင့်သာမဟုတ်ရင် ငါမင်းကိုလက်သပ်မွေးလောက်တယ်"

သူဌေးချူပြောပြီးတာနဲ့ သစ်သားသေတ္တာကိုကောက်ယူလိုက်ကာ ခဏလောက်ကြက်သေသေသွားတယ်။ ပြီး‌တော့မှသူအသိစိတ်ပြန်ဝင်လာပြီး သေတ္တာကိုချကာ ချန်ကျွင်းယန့်ကိုမကြည့်ဘဲပြောလိုက်တယ်။ "မင်းသခင်မလေးကိုပဲကျေးဇူးတင်ရမယ်၊ မင်းတို့ကို ကိုယ်တိုင်ရွေးခိုင်းဖို့သူငါ့ကိုတောင်းပန်ခဲ့လို့ မင်းကိုအခွင့်အရေးတစ်ခုပေးမယ်၊ မင်းကိုယ်တိုင်ရွေးရင်ရွေး၊ မရွေးရင်ငါကရွေးပေးမယ်၊ ငါရွေးရင်တော့မင်းတို့အကုန်လုံးကို အရက်စက်ဆုံးနည်းလမ်းနဲ့ပုံစံပြောင်းပစ်မှာ"

တံခါးပွင့်သွားတော့ဖြာကျလာတဲ့လရောင်က ချန်ကျွင်းယန့်ရဲ့မျက်နှာပေါ်ထင်ဟပ်လာတယ်။ ခဏအတွင်းမှာပဲ ပြန်လည်ပိတ်သွားတဲ့တံခါးနဲ့အတူ လရောင်ကလည်းတဖြည်းဖြည်းသေးငယ်လာကာ အဆုံးမှာ သူ့မျက်နှာပေါ်ကနေပျောက်ကွယ်သွားတော့တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now