အခန်း ၁၆: ရုပ်ဆိုးမ

4.3K 768 79
                                    

{Unicode}

အခန်း ၁၆: ရုပ်ဆိုးမ

လူရွေးပွဲတွင်

"ငါက... ရုပ်ဆိုးမပဲ" နင်နင်ထောင့်တစ်နေရာမှာထိုင်ကာ ခေါင်းကိုစိုက်ချထားတယ်။ သူမဇာတ်ကောင်ဒီဇိုင်းကိုဖတ်ရင်း သူမကိုယ်သူမရေရွတ်နေတယ်။ "ငါကအတ္တကြီးတယ်၊ ငါ့အတွက်ပဲငါသိတယ်၊ ချမ်းသာတဲ့အဖေကြောင့် ဘဝကိုသက်တောင့်သက်သာနဲ့ဖြတ်သန်းခဲ့ရတယ်"

ချန်ရွှမ်းဟယ်က သူမကိုတစ်ချက်တောင်ငဲ့မကြည့်ဘဲ အရှေ့ကနေဖြတ်လျှောက်လို့သွားတယ်။

လူရွေးပွဲရဲ့ပထမဆုံးအခန်းက သူနဲ့အစားထိုးဇာတ်လိုက်မင်းသမီးရဲ့အခန်းဖြစ်တယ်။

မျက်တောင်တစ်ချက်ခတ်အပြီးမှာပဲ ချန်ရွှမ်းဟယ်က မျက်လုံးကန်းနေတဲ့လူတစ်ယောက်အဖြစ်ကူးပြောင်းလို့သွားတယ်။ သူကမျက်လုံးကန်းနေသလို အချစ်တွေလည်းလက်ခံရရှိထားတဲ့လူဖြစ်တယ်။ သူအရှေ့ဘက်ကိုမျက်လုံးဗလာတွေနဲ့ကြည့်ကာ သူ့ရဲ့ကြည့်ကောင်းလှတဲ့မျက်နှာပေါ်မှာ လူတွေအကြည့်မလွှဲနိုင်လောက်တဲ့ အပြုံးတစ်ခုပေါ်ပေါက်လို့လာတယ်။ ချန်ရွှမ်းဟယ်မေးလိုက်တယ်။ "မင်းကဘယ်လိုပုံစံမျိုးလဲ?"

"မှန်းကြည့်လေ" အစားထိုးသရုပ်ဆောင်က အတော်လေးတော်တဲ့သူဖြစ်တယ်။ ချန်ရွှမ်းဟယ်ကောင်းမွန်စွာသရုပ်ဆောင်နေသလို သူမလည်းမဆိုးပါချေ။ သူမကခါးထောက်ကာခေါင်းကိုစောင်းပြီး ချစ်ဖို့ကောင်းအောင်မျက်တောင်ခတ်လိုက်တယ်။

ချန်ကျွင်းယန့်ပြုံးကာ သူမရှိရာကိုလက်တစ်ဖန့်ဆန့်ထုတ်လာတယ်။

"နားရွက်သေးသေးလေး" သူကသူမရဲ့နားရွက်ကနေစပြီးတော့ထိတွေ့ကြည့်လာကာ သူ့ရဲ့အသံကနက်ရှိုင်းလို့လာတယ်။ "မျက်ခုံးထူထူ၊ နှာခေါင်းလုံးလုံး၊ ပြီးတော့..."

သူရပ်လိုက်တယ်။ သူ့ရဲ့လက်ညှိုးကသူမရဲ့နှုတ်ခမ်းပေါ်မှာရပ်တန့်လို့နေတယ်။ ပြီးတော့အဲ့ဒါကို လက်မနဲ့ပွတ်သပ်လိုက်တယ်။

သူ့ကိုယ်ကနေထုတ်လွှတ်နေတဲ့အငွေ့အသက်က သူမရဲ့ဟော်မုန်းတွေကိုနိုးကြွလာစေတယ်။ အဲ့ဒါကအချိန်အတော်ကြာသွားပြီးမှ ချစ်ခြင်းတွေပြည့်နေတဲ့လေထုအဖြစ်ကိုပြောင်းလဲသွားတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now