အခန်း ၈၅: တစ်ကိုယ်တော်စစ်ပွဲမဟုတ်

2.4K 494 29
                                    

{Unicode}

အခန်း ၈၅: တစ်ကိုယ်တော်စစ်ပွဲမဟုတ်

နင်နင့်အနောက်ကတံခါးပိတ်ကျသွားတယ်။

သူမတံခါးအရှေ့မှာရပ်ပြီး အိပ်ရာပေါ်ကအဘိုးကြီးကိုကြည့်လိုက်တယ်။ သူကခေါင်းအုံးအိစက်စက်အပေါ်မှာ ခေါင်းချထားပြီး မျက်လုံးတွေကို တင်းတင်းကျပ်ကျပ်မှိတ်ထားကာ သူ့ရဲ့လက်နှစ်ဖက်က စောင်အပေါ်မှာထပ်လို့ထားတယ်။

သူအိပ်နေတဲ့ကိုယ်နေဟန်ထားက ထည်ဝါလွန်းလို့ အခုချက်ချင်း သူ့ကိုအခေါင်းထဲထည့်ပြီး မြေမြှုပ်လို့တောင်ရလောက်တယ်။

နင်နင်အသက်ပြင်းပြင်းရှူသွင်းလိုက်တယ်။ ဒါကလူရွေးပွဲတစ်ခုပဲ။

အိပ်ရာ‌ပေါ်မှာလှဲလျောင်းနေတဲ့လူက အကဲဖြတ်ဒိုင်ပဲဖြစ်တယ်။

အခုလူရွေးပွဲရဲ့ခေါင်းစဉ်က- <မိသားစုမေတ္တာ>။

သူမအပါအဝင် လျန်မိသားစုတိုင်းက သရုပ်ဆောင်တွေပဲဖြစ်တယ်။

ထိုထဲကလူအများစုက ဒီလူရွေးပွဲကိုကျရှုံးလိမ့်မယ်ဆိုတာကို နင်နင်ကြိုတင်ခန့်မှန်းမိတယ်။ ဒါပေမဲ့အဲ့ထဲကအချို့ကတော့ သူတို့ရဲ့အမြင်အာရုံ၊ ဒါမှမဟုတ် ဖြတ်ထိုးဉာဏ်၊ ဒါမှမဟုတ် ကံကိုအသုံးချပြီး ဒီလူရွေးပွဲကိုအောင်မြင်နိုင်လိမ့်မယ်။

နင်နင်ကနောက်ဆုံးအလှည့်ကျတဲ့လူဖြစ်ပြီး အရေးမသာနေဆုံးလူလည်းဖြစ်တယ်။

ကျန်တဲ့လူတွေက သူတို့ရဲ့ရင်ဘတ်ကိုစည်တီး၊ ခြေထောက်ကိုဆောင့်ပြီး အော်ဟစ်ငိုကြွေးလို့ရတယ်။ ကောင်းကင်ဘုံကိုတိုင်တည်ပြီး မေ့လဲသွားတဲ့အထိ မြည်တမ်းလို့ရတယ်။ ဒါပေမဲ့သူမကတော့ အဲ့လိုလုပ်လို့မရပါချေ။

သခင်ကြီးလျန်ကို တစ်ခါမှမတွေ့ဖူးတဲ့လူတစ်ယောက်အနေနဲ့၊ သူ့ကိုသူ့ရဲ့နာရေးမှာမှ ပထမဆုံးတွေ့ရတဲ့ လူတစ်ယောက်အနေနဲ့၊ နင်နင်အလွန်အကြူး ဝမ်းနည်းပြလို့မရပေ။ မဟုတ်ရင် အဲ့ဒါကအရမ်း အတုအယောင်ဆန်နေလိမ့်မယ်။

ဒီခေါင်းစဉ်အောက်မှာသရုပ်ဆောင်ဖို့ သူမဘယ်နည်းလမ်းကို အသုံးချသင့်လဲ?

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now