အခန်း ၉၃: ၁၉၉၇ ခုနှစ်ဆီသို့တစ်ဖန်

2.9K 503 30
                                    

{Unicode} 

အခန်း ၉၃: ၁၉၉၇ ခုနှစ်ဆီသို့တစ်ဖန်

အဲ့ဒါတွေပြီးသွားတော့ နောက်ဆက်လာတာက ပုံမှန်နှေးကွေးတဲ့ရက်သတ္တပတ်တစ်ခုပဲဖြစ်တယ်။

ဒီအချိန်အတောအတွင်းထဲမှာ လျန်လျန်ကနင်နင့်ကိုမရှာသလို နင်နင်ကလည်းလျန်လျန်ကို အရင်မဆက်သွယ်ပါချေ။

ပြောစရာရှိတာတွေအကုန် ပြောထားပြီးပြီဖြစ်ကာ သိထားစရာရှိတာတွေကိုလည်း အကုန်သိထားပြီးပြီဖြစ်တယ်။ အခုကျန်တာက အသင့်တော်ဆုံးရုပ်ရှင်တစ်ခုကိုစောင့်နေဖို့ပဲ။

ဒါပေမဲ့ရက်တွေကုန်လွန်လာတာနဲ့အမျှ နင်နင့်ရဲ့အတွေးတွေကလည်း စတင်ပြောင်းလဲလာခဲ့တယ်။

"ဝမ်ရှောင်နင်တုန်းက သူ့တစ်ဘဝလုံးစောင့်ခဲ့တာတောင် သူကြည့်ချင်တဲ့ရုပ်ရှင်နဲ့မဆုံခဲ့တာ" သူမတွေးလိုက်တယ်။ "ငါ့အတွက်ရောဖြစ်နိုင်ပါ့မလား?"

ထိုအပတ်အတွင်း ညတိုင်းညတိုင်း နင်နင်ဘဝရုပ်ရှင်ရုံကိုသွားပြီး နံရံပေါ်ကပိုစတာကိုသွားကြည့်ခဲ့တယ်။

ပိုစတာတွေကညတိုင်းပြောင်းလဲလို့နေတယ်။ ရုပ်ရှင်တွေကညတိုင်းရုံတင်ခံရတယ်။ <ညမိန်းမပျို>၊ <ချစ်သူလိုက်ပွဲ>၊ <ညဉ့်နက်ပုံပြင်များ>၊ <သွေးပူပူလက်ဝှေ့>...

ရုပ်ရှင်ရုံထဲဘယ်သူမှမဝင်သွားပေမဲ့ ညသန်းခေါင်တိတိမှာ ရုပ်ရှင်တွေကပြသနေဆဲဖြစ်ကာ တစ်စုံတစ်ယောက်ရဲ့ဘဝထဲက ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဒေါသနဲ့ ခံစားချက်မျိုးစုံကို လှစ်ဟလို့နေတယ်။

နောက်ထပ်ရက်သတ္တပတ်ကုန်လွန်သွားကာ နင်နင့်ဆီ လျန်လျန်ဆက်သွယ်လာခဲ့တယ်။

"အချိန်မရှိတော့ဘူး" လျန်လျန်ကအလောတကြီးပြောလာတယ်။ "ထပ်စောင့်နေလို့မရတော့ဘူး၊ အချိန်တူတူလောက်ကျတဲ့ ရုပ်ရှင်တစ်ခုကိုရှာပြီး မြန်မြန်ဝင်သွားမှရမယ်"

"ဘာဖြစ်လို့လဲ?" နင်နင်မေးလာတယ်။

"မင်းဒီနေ့သတင်းမကြည့်ဘူးလား? ယန့်ချင်ကမင်းရဲ့လျှို့ဝှက်ချက်ကို ထုတ်ပြောလိုက်ပြီ" လျန်လျန်ကအေးစက်စက်ရယ်လာတယ်။ "သူ့အင်တာဗျူးထဲမှာ မင်းကသူ့ရဲ့စိတ်ကူးထဲက ယွင်လင်ဆိုတာနဲ့ မင်းရဲ့လူရွေးပွဲဗီဒီယို အကြောင်းကိုပါပြောသွားတယ်"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now