{Unicode}
အခန်း ၁၃၄: အတု
အဲ့ဒါကအရမ်းကိုခက်ခဲတဲ့မေးခွန်းပဲဖြစ်တယ်။ နင်နင်အချိန်အတော်ကြာတဲ့အထိ တွန့်ဆုတ်နေမိပြီး ပြန်ဖြေတော့မယ့်အချိန်မှာ သူဌေးချူကသူမကို တားလာခဲ့တယ်။ "ခဏ... ပြန်မဖြေခင် သေသေချာချာစဉ်းစားလိုက်ဦး"
ပြောပြီးတာနဲ့ သူအခန်းထဲကနေ ခပ်မြန်မြန် လျှောက်ထွက်သွားတယ်။ သူ့ရဲ့ကျောပြင်က ပြဿနာကိုရင်မဆိုင်ချင်လို့ ထွက်ပြေးနေတဲ့သူတစ်ယောက်နဲ့ ဆင်တူလို့နေတယ်။
ဖြစ်ချင်တော့ သူလည်း အဲ့ဒီမေးခွန်းရဲ့အဖြေကို ကြားရမှာ ကြောက်နေတာပဲ။
အဆိပ်ခတ်တဲ့သူကိုရှာမတွေ့သေးပေမဲ့ ဒါရိုက်တာချန်က ချန်ရွှမ်းဟယ် အစားမှားစားမိသွားတာလို့ပြောပြီး အဲ့ဒီအဖြစ်အပျက်ကို ဖုံးဖိချဖို့ကြိုးစားလို့နေတယ်။ အဲ့လိုနဲ့ ရိုက်ကူးရေးက ဆက်လက်ရှေ့တိုးလာခဲ့တယ်။
ဇာတ်လိုက်ရှိမနေတာကြောင့် အခြားဇာတ်ကောင်တွေရဲ့အခန်းကို အရင်ရိုက်ကြရတယ်။ ဒီရက်ပိုင်းအတွင်းမှာ ဂျူးလိယက်အတုနဲ့ အဖေဖြစ်သူရဲ့အခန်းတွေကို အဓိကထားပြီး ရိုက်နေကြတာဖြစ်တယ်။
အရင်အခန်းမှာ သူ့ရဲ့ရောဂါထဖောက်လာပြီး ဂျူးလိယက်အတုက မတတ်နိုင်တော့တဲ့အဆုံး သူ့ကိုကယ်တင်ပေးခဲ့တယ်။ သူမရဲ့ပုံစံအစစ်အမှန်ကလည်း အနည်းငယ်ပေါ်သွားခဲ့တယ်။
ဂျူးလိယက်ရဲ့အဖေက သူ့သမီးရဲ့စစ်မှန်မှုကို အနည်းငယ်စပြီး သံသယရှိလာပြီဖြစ်တယ်။
"အက်ရှင်!"
"ပါး" နင်နင်အခန်းထဲဝင်လာပြီး သူမရဲ့မျက်ဝန်းတွေက ဟိုဟိုဒီဒီရောက်လို့နေတယ်။ "သမီးကိုရှာတယ်ဆို?"
ချူယန့်လက်ထဲကသတင်းစာကိုပိတ်ပြီး သူမကိုကြည့်လာတယ်။ "ဒီနေ့ရာသီဥတုသာယာနေတာ အပြင်ထွက်ရအောင်"
သူ့ကိုထူပေးလာတဲ့လူက မရင်းနှီးတဲ့မျက်နှာတစ်ခုဖြစ်တယ်။ ချန်ရွှမ်းဟယ်တောင် သူ့လက်အောက်ကမလွတ်သွားတာ အရင်အတွင်းရေးမှူးက ဘယ်လိုလုပ်ပြီး ဒီတိုင်းလွတ်သွားနိုင်ပါ့မလဲ။
YOU ARE READING
ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »
Mystery / ThrillerFan translation of 这个电影我穿过 [I've Transmigrated Into This Movie Before] Author 梦魇殿下 [Mèngyǎn diànxià (Her Highness, the nightmare)] Status in COO 174 Chapters (+ 2 Extra Chapters) ©️ Cover illustration is fully credited to Z...