အခန်း ၁၄၈: စည်းမျဉ်းစည်းကမ်းများ

1.8K 419 15
                                    

{Unicode}

အခန်း ၁၄၈: စည်းမျဉ်းစည်းကမ်းများ

နင်နင်သူ့ရဲ့မျက်နှာကိုမှတ်မိပေမဲ့ အခြားလူတွေကတော့ မမှတ်မိပါချေ။

အခြားလူတွေမှတ်မိတာက သူ့လက်ထဲကမျက်နှာဖုံးကိုပဲဖြစ်တယ်။

"မင်းကလီရွှေရှန်းနဲ့အမျိုးတော်တာလား?" ရွာသူကြီးက သူ့လက်ထဲကမျက်နှာဖုံးကိုစိုက်ကြည့်ရင်း မေးလာခဲ့တယ်။

"သူကကျွန်တော့်ရဲ့အဖေ" တံခါးအရှေ့မှာရပ်နေတဲ့လူက ပြန်ဖြေလာတယ်။ "ကျွန်တော့်နာမည်လီရွှမ်ပါ"

...လီရွှမ်? ဘယ်ကလီရွှမ်လဲ? ရှင့်ကဖေရွှမ်ဆိုတာ အသိသာကြီးကို!

ဖေရွှမ်ကအရင်ကထက် အသက်ကြီးပုံပေါ်နေပြီဖြစ်တယ်။ သူ့ရဲ့နားသယ်က နေရာအနည်းငယ်မှာဖြူနေပြီး သူ့ရဲ့မျက်နှာက နွမ်းနယ်ဟန်ပေါ်လို့နေတယ်။ သူတံခါးကိုပြန်ပိတ်ပြီး ရွာသူကြီးရဲ့အနားလျှောက်လာကာ လက်ထဲကမျက်နှာဖုံးကို ကမ်းပေးလာတယ်။

ရွာသူကြီးကလက်ထဲက မျက်နှာဖုံးကို အတော်ကြာတဲ့အထိ စစ်ဆေးကြည့်နေပြီးတော့မှ အသိအမှတ်ပြုတဲ့အနေနဲ့ အားလုံးကိုခေါင်းညိတ်ပြလာတယ်။ ပြီးတော့သူ ဖေရွှမ်ရဲ့လက်ထဲကို မျက်နှာဖုံးပြန်ထည့်ပေးကာ ပြုံးပြလာခဲ့တယ်။ "ထိုင်၊ ထိုင်"

ဟင့်အင်း! ရွာသူကြီး၊ လူကိုမျက်နှာဖုံးကြည့်ပြီးတော့ပဲ ဆုံးဖြတ်လို့မရဘူးလေ! သူ့ရဲ့တကယ့်ပုံစံအစစ်အမှန်ကို စစ်ဆေးကြည့်ဦးလေ!

ဖေရွှမ်က စားပွဲရှည်တစ်ခုလုံးကို ဝေ့ကြည့်လာတယ်။ ရွာသူကြီးရဲ့ညာဘက်ခြမ်းကခုံသာ လွတ်နေတာကိုတွေ့ရတယ်။

သူထိုထိုင်ခုံမှာထိုင်ချလာတယ်။ အဲ့ဒီနေရာက နင်နင်နဲ့မျက်နှာချင်းဆိုင်ဖြစ်တယ်။

ဖယောင်းတိုင်မီးရောင်အောက်မှာ သူကနင်နင့်ကို ထူးဆန်းတဲ့အမူအရာနဲ့ ကြည့်လာခဲ့တယ်။

"သူကနင်အိမ်ကလေ" ရွာသူကြီးကနင်နင့်ကိုကြည့်ပြီး ဖေရွှမ်ကိုကြည့်ကာ သက်ပြင်းချလာတယ်။ "လီမိသားစုလည်း ဒီကိုရောက်လာပြီ၊ လူစုံတက်စုံရှိတာ ရှားတယ်ဆိုတော့ အခုပဲ ဘိုးဘေးကန်တော့ပွဲအကြောင်း ဆွေးနွေးကြရအောင်"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now