အခန်း ၁၂၇: ခိုးဝင်

2.4K 496 50
                                    

{Unicode}

အခန်း ၁၂၇: ခိုးဝင်

အခုရက်ပိုင်းချန်ရွှမ်းဟယ် အနည်းငယ်ထူးဆန်းနေတယ်လို့ နင်နင်ခံစားမိတယ်။

ဥပမာ သူWeChatကနေ ဒီလိုမျိုးစာတစ်စောင်ပို့လာခဲ့တယ်။

[မနက်ဖြန်ကငါ့အမေရဲ့နှစ်ပတ်လည်နေ့၊ မင်းငါနဲ့တူတူသွားမလား?]

သူမတို့က အဲ့လောက်ထိရင်းနှီးကြလို့လား? ပြီးတော့ အခုတလော သူမတို့နှစ်ယောက်နဲ့ပတ်သက်တဲ့ ကောလဟာလေတွေပြန့်နေတာ၊ ပိုပြီးတော့တောင် ခပ်ခွာခွာနေသင့်တယ်မဟုတ်ပါလား?

သူမစာမပြန်တာကိုတွေ့တော့ ချန်ရွှမ်းဟယ်က‌ နောက်ထပ်စာတစ်စောင်ထပ်ပို့လာခဲ့တယ်။

[အဲ့မှာခဏလောက်ပဲကြာမှာ၊ ပြီးရင်မင်းအမေဆီလည်းသွားလို့ရတယ်]

အဲ့ဒီစာကိုဖတ်ပြီးနောက်မှာ နင်နင်အနည်းငယ် လိပ်ပြာမသန့်သလိုခံစားလိုက်ရတယ်။ သူမအခုတလော ဘဝရုပ်ရှင်ရုံကိစ္စတွေ၊ အလုပ်တွေနဲ့ပဲ ရှုပ်ယှက်ခတ်နေတာကြောင့် မေမေ့ရဲ့အုတ်ဂူကို တစ်ခေါက်မှသွားမကြည့်ရသေးပေ။

[အင်း ဟုတ်ပြီလေ] နင်နင်စာပြန်လိုက်တယ်။ [မနက်ဖြန်ဘယ်အချိန်လဲ?]

ချန်ရွှမ်းဟယ်က နောက်တစ်နေ့မွန်းလွဲချိန်မှာ သူမကိုလာကြိုပြီး သုသာန်ဆီကားမောင်းလာခဲ့တယ်။

အခုအချိန်ကချင်းမင်ပွဲတော်ရက်လည်းမဟုတ်၊ ပိတ်ရက်လည်းမဟုတ်၊ နားရက်လည်းမဟုတ်တာကြောင့် သုသာန်မှာလူသိပ်ရှိမနေချေ။ အုတ်ဂူတွေကသာ နေရာတစ်ခုလုံးမှာ အစီအရီရှိလို့နေတယ်။

တိုက်ဆိုင်တာက သူမတို့နှစ်ယောက်ရဲ့ အမေတွေရဲ့အုတ်ဂူတွေက သိပ်ပြီးမလှမ်းလှချေ။ သူမတို့ရောက်တဲ့အချိန်မှာ နင်ယွိရန်အတွက် ငိုကြွေးမြည်တမ်းနေကြတဲ့ အသက်ကြီးပိုင်းလူတစ်စုကို တွေ့လိုက်ရတယ်။

"နင်ကျဲ၊ ထွက်သွားတာစောလှချည်လား"

"နင်ကျဲမရှိတော့တဲ့နောက် ကျွန်မတီဗီတောင် ထပ်မကြည့်နိုင်တော့ဘူး"

"အပိုတွေလုပ်နေပြီ၊ ညည်းမနေ့ကပဲ <အရှင်သခင်ကငါ့ကိုချစ်မိနေတယ်> ဇာတ်လမ်းတွဲကို ထိုင်ကြည့်နေတာမလား"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now