အခန်း ၆၆: သဲလွန်စ

2.6K 561 22
                                    

{Unicode}

အခန်း ၆၆: သဲလွန်စ

မင်္ဂလာပွဲနေ့ကတဖြည်းဖြည်းနီးကပ်လာနေတယ်။ လက်ထပ်ရတော့မယ့်သတို့သမီးလောင်းတစ်ယောက်ရဲ့ ပျော်ရွှင်စိတ်လှုပ်ရှားမှုတွေ နင်နင့်မှာရှိမနေပါချေ။ တစ်ရက်ပြီးတစ်ရက်ကုန်လွန်လာတာနဲ့အမျှ သူမပိုပိုပြီးတော့သာ စိုးရိမ်ပူပန်လာလို့နေတယ်။

"ဟမ်?" နင်နင်မျက်မှောင်ကြုတ်လိုက်တယ်။ "ဒီစာကဘယ်သူ့အတွက်?"

ဘေးအိမ်ကအိမ်နီးနားချင်းက တံခါးအရှေ့မှာရပ်နေတယ်။ အဲ့ဒါကဆံပင်အဖြူနဲ့မီးခိုး‌ရောင်တွေရောနေတဲ့ အမျိုးသမီးကြီးတစ်ယောက်ဖြစ်တယ်။ သူမကနင်နင့်ကိုစာတစ်စောင်ကမ်းပေးကာ အားနာစွာကြည့်လာတယ်။ "ကျွန်မမြေးလေးကစာပုံးထဲကစာတွေယူရင်း ယန့်ချင်ရဲ့စာကိုပါမတော်တဆယူလိုက်မိတာ၊ ဒါကသူ့ဆီကိုပို့တဲ့စာဆိုတော့ ကျွန်မအိမ်မှာထားထားလို့မကောင်းဘူးလေ၊ ဒီမှာ..."

သေဆုံးသွားပြီးသားလူတစ်ယောက်ဆီကိုပို့လာတဲ့စာ။ နင်နင်သာလက်မခံရင် သူမပစ်ထုတ်လိုက်မှာဖြစ်တယ်။

"ဟုတ်ကဲ့ပါ" နင်နင်စာအိတ်ကိုကမ်းယူလိုက်တယ်။ "သူ့မိဘတွေကိုလက်ဆင့်ကမ်းပေးလိုက်ပါ့မယ်"

"ဟုတ်ပြီ ဟုတ်ပြီ၊ ကျေးဇူးပါနော်" အိမ်နီးနားချင်းအမျိုးသမီးကြီးက စိတ်သက်သာရာရစွာနဲ့သက်ပြင်းချလိုက်တယ်။

ထိုအမျိုးသမီးကြီးထွက်သွား‌တော့မှ နင်နင်လက်ထဲကစာအိတ်ကိုငုံ့ကြည့်လိုက်တယ်။

တကယ်ပဲထူးဆန်းတယ်။ ဒီစာကိုပို့ထားတာရက်စွဲက လွန်ခဲ့တဲ့ငါးရက်ကဖြစ်တာကြောင့် သိပ်မကြာသေးပေ။ အဲ့လောက်ဆို ယန့်ချင်ဆုံးသွားပြီဆိုတဲ့သတင်းကို အားလုံးသိပြီးနေလောက်ပြီဖြစ်တယ်။ သေပြီးသားလူတစ်ယောက်ကို ဘယ်သူကစာပို့လာမှာလဲ?

နင်နင်ကိုယ်ကိုလှည့်လိုက်တော့ သူမရဲ့လက်ထဲကစာအိတ်ကိုစိုက်ကြည့်နေတဲ့ ဖေရွှမ်ကိုတွေ့လိုက်ရတယ်။

သူကထိုစာအိတ်ကို သူမဆီကနေသဘာဝကျကျလှမ်းယူကာ ပြုံးပြလာတယ်။ "ဘာဖြစ်လို့ဒီမှာရပ်နေသေးတာလဲ? အဝတ်အစားမြန်မြန်လဲတော့လေ၊ ကိုယ်တို့မင်္ဂလာဝတ်စုံသွားကြည့်ကြမယ်"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now