အခန်း ၇၀: အိပ်ရာဝင်ကြင်ဖော်

2.9K 560 47
                                    

{Unicode}

အခန်း ၇၀: အိပ်ရာဝင်ကြင်ဖော်

မီးတောက်တွေပေါက်ကွဲထွက်လာတယ်။ ထိုင်ခုံပေါ်ကနင်နင့်ရဲ့မျက်လုံးတွေလည်းပွင့်လာခဲ့တယ်။

"ပြန်လည်ကြိုဆိုပါတယ်" ရှီကျုံးထန်ရဲ့အသံက သူမရဲ့နားရွက်ဘေးကနေထွက်ပေါ်လာတယ်။ သူမတို့နှစ်ယောက်က ချစ်သူရည်းစားတွေလိုမျိုး တစ်ယောက်ပုခုံးပေါ်တစ်ယောက်မှီထားကြတယ်။ သူကသူမကိုလေသံနဲ့ပြောလာတယ်။ "ရုပ်ရှင်စတော့မယ်"

နင်နင်တံတွေးမျိုချကာ သူနဲ့တူတူပိတ်ကားချပ်ကိုကြည့်လိုက်တယ်။

ရုပ်ရှင်စတင်ခဲ့ပြီဖြစ်တယ်။

သတို့သမီးကိုင်ပန်းစည်းကလေထဲပျံသန်းလာကာ လက်ပေါင်းများစွာက ထိုပန်းစည်းကိုဖမ်းမိဖို့ ကြိုးစားဆန့်ထုတ်လာကြတယ်။ အဆုံးမှာပန်းစည်းက ခပ်ဖွံ့ဖွံ့လက်တစ်စုံထဲကိုကျရောက်လို့သွားတယ်။

"ဂုဏ်ပြုပါတယ်ယွင်လင်" သတို့သမီးဂါဝန်ထဲမှာလှပနေတဲ့ယန့်ချင်က အပြစ်ကင်းစင်စွာပြုံးရင်းနဲ့ပြောလာတယ်။ "ငါပြီးရင်နင်လက်ထပ်ရမယ့်အလှည့်ပဲ"

"ကျေးဇူး" ယွင်လင်ကပန်းစည်းကိုဆုပ်ကိုင်ထားကာ ယန့်ချင်ကိုပြုံးပြလိုက်တယ်။ သူမရဲ့အပြုံးနောက်ကွယ်မှာ အဓိပ္ပာယ်များစွာပုန်းကွယ်လို့နေတယ်။

"ရှင့်အသိထဲမှာအဆင်ပြေတဲ့လူရှိရင် သူနဲ့မိတ်ဆက်ပေးစမ်းပါ" ယန့်ချင်သူမဘေးကသတို့သားကိုကြည့်ပြီးပြောလိုက်တယ်။ "ယွင်လင်ကတကယ်မိန်းမကောင်းလေးနော်"

ပိတ်ကားချပ်ပေါ်မှာ အနက်ရောင်အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားပေါ်ထွက်လာတာနဲ့ နင်နင့်ရဲ့အသက်ရှူနှုန်း မတည်မငြိမ်ဖြစ်လာခဲ့တယ်။

"အင်း ကိုယ်ရှာကြည့်ပေးမယ်" ဖေရွှမ်ကတော်ဝင်ဆန်စွာပြုံးလာတယ်။ သူကယန့်ချင်ကို အခြားနေရာခေါ်သွားရင်း ယွင်လင်ကိုဖြတ်ခနဲလှမ်းကြည့်ပြီး ပြုံးပြလာတယ်။

အဲ့အဖြစ်အပျက်က ယန့်ချင်ဘေးမှာပဲဖြစ်ပျက်သွားခဲ့ပေမဲ့ သူမကသူမရဲ့ခင်ပွန်းနဲ့ အချစ်ဆုံးသူငယ်ချင်းကို အရမ်းယုံကြည်လွန်းနေခဲ့တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now