အခန်း ၁၀: သခင်မလေးရဲ့ကစားပွဲ

4.2K 725 36
                                    

{Unicode}

အခန်း ၁၀: သခင်မလေးရဲ့ကစားပွဲ

သခင်မလေးပြောင်းလဲသွားပြီ။

ဒါပေမဲ့အတိအကျဘယ်လိုပြောင်းလဲသွားတာလဲ?

"မင်းတို့ကောင်တွေခံစားမိကြလား?" နားနေချိန်မှာကောင်လေးတစ်ယောက်က သူ့ရဲ့အဖော်ကိုမေးလိုက်တယ်။ "သခင်မလေးခုနောက်ပိုင်းပြောင်းလဲလာသလိုပဲ၊ ကြည့်ရတာသူက... ပိုပြီးလူသားဆန်လာသလိုပဲ"

"မင်းပြောမှ... ဟုတ်သလိုပဲ"

"အရင်ကသခင်မလေးငါ့တစ်ယောက်တည်းကိုသဘောကျနေတာထင်တာ၊ ဒါပေမဲ့အခုကြည့်ရသလောက်တော့ သခင်မလေးကငါတို့အားလုံးကို ညီတူညီမျှသဘောကျတာပဲ!"

အားလုံးစိတ်အားထက်သန်စွာဆွေးနွေးနေကြတုန်းမှာပဲ ရုတ်တရက်သူတို့တွေပါးစပ်ပိတ်လိုက်တယ်။

ကျွီ၊ တံခါးပွင့်ကာ ချန်ကျွင်းယန့်အခန်းထဲဝင်လာတယ်။ သူဘယ်နေရာကိုသွားသွား မျက်လုံးတွေကသူ့အပေါ်မှာကပ်ပါလာတယ်။ သူအခန်းထဲကနေပြန်ထွက်သွားမှ စကားဝိုင်းကပြန်ဆက်တယ်။

"သစ္စာဖောက်" လူငယ်တစ်ယောက်ကမကျေမနပ်ပြောလိုက်တယ်။ "တလောကပဲငါတို့ကိုဘာဖြစ်တယ်လေးညာဖြစ်တယ်လေးနဲ့ သူ့ကိုယ်သူအမှန်တရားဘက်တော်သားကြီးလိုလုပ်ပြီး အခုကျတော့ကြည့်ပါဦး၊ မျက်တောင်တောင်တစ်ချက်မခတ်ဘဲ အဆောင်တစ်ခုထဲကညီအကိုတွေကိုသစ္စာဖောက်သွားတာ! ထွီ!"

"ရှူး၊ တိုးတိုးပြော၊ သူအဝေးကြီးမရောက်သေးဘူး၊ နောက်သူပြန်ပြီးတော့ သခင်နဲ့ပြန်တိုင်ပြောဦးမယ်..."

"ငါအဲ့လိုမလုပ်ပါဘူး"

တံခါးဝမှာချန်ကျွင်းယန့်ခေါင်းငုံ့ကာ သူ့ကိုယ်သူတိုးတိုးရေရွတ်လိုက်တယ်။

ချွဲ့ပန်းကိုသစ္စာဖောက်တာက အခြားရွေးချယ်စရာမရှိတော့လို့ သူလုပ်ခဲ့ရတာဖြစ်တယ်။ အဲ့လိုသာမလုပ်ခဲ့ရင် သူသခင်မလေးကိုနောက်ထပ်တစ်ကြိမ်တွေ့ခွင့်ရတော့မှာမဟုတ်သလို သူလုပ်တော့မယ်အရာကိုလည်းလုပ်လို့ရတော့မှာမဟုတ်ပေ။ သူအောင်မြင်ခဲ့တယ်။ ဒါပေမဲ့သူ့ကိုယ်သူကိုလည်း လူတိုင်းရဲ့မုန်းတီးတဲ့စာရင်းထိပ်ဆုံးနေရာရအောင်လုပ်သလိုလည်း ဖြစ်သွားခဲ့တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now