{Unicode}
အခန်း ၂၁: မိတ်ဟောင်းဆွေဟောင်း
ရက်အနည်းငယ်ကြာပြီးနောက် သစ်ခွရုပ်ရှင်ရုံတွင်။
"နောက်တစ်ယောက်"
"ဒါရိုက်တာကြီး ကျွန်မကိုနောက်တစ်ခေါက်လောက် အခွင့်အရေးပေးပါဦး!"
"နောက်တစ်ယောက်!"
လူရွေးပွဲ၊ ကျရှုံးမှု၊ စိတ်ဓာတ်ကျမှု၊ ဒါတွေအကုန်လုံးက နင်နင်ရင်းနှီးပြီးသားအရာတွေဖြစ်တယ်။
သူမအခန်းထဲလျှောက်ဝင်သွားတယ်။ အကဲဖြတ်ဒိုင်ကမော့ကြည့်လာပြီး စူးရှတဲ့အကြည့်တစ်စုံက သူ့မျက်မှန်အနောက်ကနေထိုးဖောက်ထွက်လာတယ်။
နင်နင်နောက်ကျမှရောက်လာတာဖြစ်ပြီး ဇာတ်ကောင်တော်တော်များများက အရွေးခံပြီးသွားပြီဖြစ်တယ်။ ဒါပေမဲ့ အဓိကဇာတ်ကောင်နေရာကိုမဆုံးဖြတ်ရသေးတာကြောင့် သူမအရမ်းကြီးနောက်ကျတယ်လို့လည်း မဆိုနိုင်ပါချေ။
အကဲဖြတ်ဒိုင်ရဲ့အကြည့်အောက်မှာ နင်နင်ကိုယ်ဟန်အနေအထားကိုပြင်လိုက်တယ်။ သူမကအခုမှ ၁၈နှစ်သာရှိသေးတာဖြစ်ပြီး တစ္ဆေဇာတ်ကောင်က အသက်၂၀နောက်ပိုင်းကိုရောက်နေပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်။ အဲ့ဒါကြောင့်သူမဒီကိုမလာခင် သူမကိုယ်သူမပိုပြီးရင့်ကျက်တဲ့ပုံပေါက်အောင် မိတ်ကပ်ကိုသေချာပြင်ခဲ့တာဖြစ်တယ်။
အကဲဖြတ်ဒိုင်ကသူမကိုတစ်ချက်သာကြည့်ပြီး အကြည့်ပြန်လွှဲသွားတယ်။ "နောက်တစ်ယောက်"
နင်နင်ဒီအတိုင်းပဲမထွက်သွားချင်ပါချေ။ သူမဇာတ်ညွှန်းကိုကြည့်ကြည့်ချင်တယ်၊ သရုပ်ဆောင်တွေကိုကြည့်ကြည့်ချင်တယ်၊ ဇာတ်ဝင်ခန်းတစ်ခုကိုကြည့်ကြည့်ချင်တယ်။ ဒီမှာရှိတဲ့ <ပြဇာတ်ရုံတစ္ဆေ>က လက်တွေ့ဘဝက<ပြဇာတ်ရုံတစ္ဆေ>နဲ့ အတူတူပဲလားဆိုတာကို သူမကြည့်ကြည့်ချင်တယ်။
ဒါပေမဲ့အကဲဖြတ်ဒိုင်ကစိတ်မရှည်ဖြစ်လာပုံပေါ်ပြီး နင်နင့်ကိုမော့ကြည့်ကာထပ်ပြောလာတယ်။ "နောက်တစ်ယောက်!"
သူမအနောက်ကတံခါးပွင့်လာပြီး ဆူညံသံတွေထွက်ပေါ်လာတယ်။ သူမနောက်လှည့်ကြည့်လိုက်တော့ သေချာဝတ်စားထားတဲ့စုံတွဲတစ်တွဲကိုတွေ့ရတယ်။
YOU ARE READING
ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »
Mystery / ThrillerFan translation of 这个电影我穿过 [I've Transmigrated Into This Movie Before] Author 梦魇殿下 [Mèngyǎn diànxià (Her Highness, the nightmare)] Status in COO 174 Chapters (+ 2 Extra Chapters) ©️ Cover illustration is fully credited to Z...