အခန်း ၆၄: ကြံရာပါ

2.6K 527 40
                                    

{Unicode}

အခန်း ၆၄: ကြံရာပါ

ဖေရွှမ်ဖန်ခွက်ကိုစားပွဲပေါ်ချလိုက်တယ်။ သူ့ရဲ့ရှည်သွယ်သွယ်လက်ချောင်းတွေက ဖန်ခွက်ကိုဖြည်းညင်းစွာပွတ်သပ်နေတယ်။ "မင်းဘာကိုသရုပ်ဆောင်နေတာလဲ?"

နင်နင်မြန်မြန်မျက်တောင်ခတ်လိုက်တယ်။

"မင်းဒီရက်ပိုင်းကိုယ့်အရှေ့မှာ အခြားလူတစ်ယောက်လိုမျိုးသရုပ်ဆောင်နေတာ၊ လီဖင်းဖင်းကိုအရိပ်တကြည့်ကြည့်နဲ့ကြောက်နေရတဲ့ ခေတ်နောက်ပြန်ရိုရိုကျိုးကျိုးသီလရှင်လိုမျိုး" ဖေရွှမ်သူမကိုပြုံးနေသလိုမျိုးကြည့်လာတယ်။ "ဒါပေမဲ့ကိုယ်တို့နှစ်ယောက်လုံးသိကြတာပဲ... မင်းကအဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာ"

နင်နင်နှလုံးဆောင့်ခုန်သွားတယ်။

"မင်းဘာဖြစ်လို့ဒီလိုတွေပဲဝတ်လာလဲဆိုတာ ကိုယ်မသိတော့ဘူး၊ အမှန်တိုင်းပြောရရင် အဲ့ဒီအရင်ကမလှမပ အနီရောင်နဲ့အစိမ်းရောင် ဂါဝန်ကြီးဝတ်ထားတဲ့မင်းကို ကိုယ်အများကြီးပိုသဘောကျတယ်" ဖေရွှမ်သူမကိုညွှန်ပြပြီး ခေါင်းခါလာတယ်။ "ကိုယ်တို့နှစ်ယောက်သိကြတာ ဒီလောက်တောင်ကြာပြီကို မင်းကိုယ့်‌အပေါ် ပိုပြီးမပွင့်လင်းနိုင်‌ဘူးလား?"

အနီရောင်နဲ့အစိမ်းရောင်ဂါဝန်...

သူမတို့နှစ်ယောက်ညစာစားပြီးတဲ့နောက်မှာ နင်နင်အဆောင်ကိုပြန်လာခဲ့တယ်။ အဆောင်ပြန်ရောက်တာနဲ့ သူမအဝတ်ဗီရိုကိုမွှေနှောက်ရှာတော့တယ်။

ဘယ်ဘက်မှာအနီရောင်၊ ညာဘက်မှာအစိမ်းရောင်စပ်ထားတဲ့ နိုင်ငံခြားအလံကြီးကိုနင်နင်ရှာထုတ်လိုက်တယ်... ခဏနေပါဦး! သေချာကြည့်တော့မှ ဒါကြီးကတကယ်ဂါဝန်ကြီးဟ! ဒီဂါဝန်ကြီးကို ဘယ်လိုလူမျိုးကဝတ်မှာလဲ?

နင်နင်ဘယ်လောက်ပဲဝန်မခံချင်ပါစေ ဒီဂါဝန်ကြီးကသူမရဲ့ဗီရိုထဲမှာရှိနေပြီဖြစ်တယ်။ ဒါကိုယွင်လင်ဝယ်ခဲ့တာဖြစ်တယ်။ သူမကအဲ့ဒါကိုဖေရွှမ်အရှေ့မှာတောင် ဝတ်ပြခဲ့သေးတယ်။

ဆိုတော့ဖေရွှမ်ပြောခဲ့တာတွေကအမှန်တွေဖြစ်နိုင်တယ်။ ရှေးရိုးစွဲပြီးခေတ်နောက်ပြန်ဖြစ်နေတာ၊ သူများပြောတာမှန်သမျှခေါင်းညိတ်ခံတာ– အဲ့ဒါတွေအားလုံးက လူတွေကိုအရူးလုပ်ဖို့ပဲ! နင်နင့်ကိုအရူးလုပ်ဖို့ပဲ! ယွင်လင်အစစ်အမှန်က လုံးဝကိုအဲ့လိုလူမျိုးမဟုတ်နေဘူး။ 

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now