အခန်း ၁၅၃: ဘိုးဘေးကန်တော့ပွဲ

1.9K 461 24
                                    

{Unicode}

အခန်း ၁၅၃: ဘိုးဘေးကန်တော့ပွဲ

နင်နင့်ရဲ့မျက်ဝန်းတွေထဲ အလင်းရောင်တစ်ခု ဖြတ်ပြေးသွားတယ်။ သူမမေးလိုက်တယ်။ "ကျွန်မရှင့်ကိုယုံလို့ရသေးတာလား?"

"ရတာပေါ့၊ ငါကဘာဖြစ်ဖို့ မင်းကိုလိမ်ရမှာလဲ?" ရွာသူကြီးက ရုတ်တရက်ကျိန်ဆိုပြီး သူမစိတ်ကျေနပ်ဖို့အတွက် ထွက်သမျှစကားတွေကိုပြောလာခဲ့တယ်။ ဒါပေမဲ့နင်နင်က သူ့ရဲ့အဖြေကိုစောင့်နေတာမဟုတ်ပေ။

သူမရဲ့အကြည့်က သူ့ရဲ့ပုခုံးကိုကျော်သွားပြီး အစိမ်းရောင်အဝတ်အစားနဲ့ လူငယ်အပေါ်မှာသာ စိုက်ကျလို့နေတယ်။

"မင်းငါ့ကိုသေချာပေါက်ယုံလို့ရတာပေါ့" ခပ်သဲ့သဲ့ရယ်သံက ခက်ထန်တဲ့မျက်နှာဖုံးအောက်ကနေ ထွက်ပေါ်လာခဲ့တယ။ "...မင်းကငါ့ရဲ့ တစ်ဦးတည်းသောမြေးပဲလေ"

သူမအဲ့ဒါကိုခန့်မှန်းထားမိတာ ကြာပြီဆိုပေမဲ့ သူ့ရဲ့ပါးစပ်ကနေထွက်လာတာကို ကြားရတဲ့အချိန်မှာ အနည်းငယ်မှင်တက်သွားမိတယ်။

"အစကတည်းက ငါမင်းကိုအလိုလိုက်ပြီး ငါ့ရဲ့လက်တွေနဲ့ လမ်းလျှောက်သင်ပေးခဲ့သင့်တာ၊ ငါ့ရဲ့ပုခုံးပေါ်တင်ပြီး မုန်ညှင်းပန်းခင်းကြီးထဲ ခေါ်သွားခဲ့သင့်တာ– ငါမျက်နှာဖုံးနဲ့လူဖြစ်လာတဲ့အချိန်က အရမ်းစောသွားခဲ့တာ စိတ်မကောင်းစရာပဲ" အစိမ်းရောင်အဝတ်အစားနဲ့လူငယ်က ရယ်မောလာတယ်။ "... ဒါပေမဲ့ငါဒီလိုဖြစ်လာပြီးတာတောင် မင်းတို့ကိုလက်မလွှတ်နိုင်သေးဘူး"

သူပြောပြီးတော့ ရွာသူကြီးကိုကျော်ကာ လျှောက်လာခဲ့တယ်။

ရွာသူကြီးကဘာကိုမှမသိသေးပေ။ နင်ချင်ရုတ်တရက် လက်ဆန့်ထုတ်ပြီး ရွာသူကြီးရဲ့မုတ်ဆိတ်မွေးကို ဆွဲလိုက်တယ်။

"အား!" ရွာသူကြီးကနာကျင်စွာနဲ့ အော်ဟစ်လို့လာတယ်။ သူ့အနောက်ကတံခါး ရုတ်တရက်ပွင့်သွားပြီး သူ့ရဲ့သားနှစ်ယောက် ပြေးဝင်လာခဲ့တယ်။ "အဖေ၊ ဘာဖြစ်တာလဲ?"

"ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး" ရွာသူကြီးက သူ့ရဲ့မုတ်ဆိတ်မွေးကိုပြန်ဆွဲရင်း အနည်းငယ်အတွေးထဲ မျောလို့သွားတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now