အခန်း ၁၀၂: စတင်ခဲ့သည့်အရာကိုအဆုံးသတ်ခြင်း

2.4K 498 117
                                    

{Unicode}

အခန်း ၁၀၂: စတင်ခဲ့သည့်အရာကိုအဆုံးသတ်ခြင်း

အရှေ့မှာရပ်နေတဲ့ဖေရွှမ်ကိုကြည့်ရင်း ဝမ်ယွီရဲ့မျက်နှာအမူအရာက အကြိမ်အနည်းငယ်ပြောင်းလဲသွားတယ်။

အဆုံးမှာ သူစိတ်ဆုံးဖြတ်လိုက်တယ်။

"တောင်းပန်ပါတယ် အစ်ကိုမင်းကိုသူ့လက်ထဲ မလွှဲပေးလိုက်နိုင်ဘူး"

"အစ်ကိုကြီးဝမ်ယွီ သမီးကိုသူနဲ့မထားသွားနဲ့!"

သူမတို့နှစ်ယောက်လုံး တစ်ချိန်တည်းပြောလိုက်ပြီးတော့မှ အံ့ဩသွားကြရတယ်။ သူမတို့အကြည့်ချင်းဖလှယ်နေမိပြီးနောက် ဝမ်ယွီချက်ချင်းပဲ နင်နင့်ကိုတင်းတင်းကျပ်ကျပ်ပွေ့ချီကာ ဆိုင်ထဲကနေပြေးထွက်သွားတော့တယ်။

"ရပ်စမ်း!" ဖေရွှမ်ကအော်ပြောပြီး သူတို့အနောက်ကို ပြေးလိုက်လာခဲ့တယ်။

သူတို့အနောက်မှာကျန်ခဲ့တဲ့ ဝန်ထမ်းတွေအကုန်လုံး ကြောင်တောင်တောင်နဲ့ အကြည့်ချင်းဖလှယ်မိလိုက်ကြတယ်။ အခုဆိုင်ထဲမှာ ဝယ်သူလည်းမရှိတာကြောင့် သူတို့မြင်တွေ့လိုက်ရတဲ့ အဖြစ်အပျက်အကြောင်းကို စကားစမြည်ပြောကြတော့တယ်။

သူတို့တွေစကားကောင်းနေတုန်းမှာပဲ ဆိုင်ထဲကို လူနှစ်ယောက်လျှောက်ဝင်လာခဲ့တယ်။

သူတို့နှစ်ယောက်က သားအဖတွေဖြစ်ပုံပေါ်တယ်။

အရင်အရှေ့ကနေလျှောက်ဝင်လာတဲ့ အရပ်မြင့်မြင့်ပိန်ပိန်ပါးပါးလူက အမျိုးသားဝတ်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်လို့ထားပေမဲ့ သူ့ပုံရိပ်ကဘာကြောင့်မှန်းမသိဘဲ အမျိုးသမီးတစ်ယောက်ရဲ့အငွေ့အသက်ကို ထုတ်လွှတ်ပေးနေတယ်။ ထိုလူကစိတ်လှုပ်ရှားနေပုံပေါ်ကာ သူ့ရဲ့နက်ခ်တိုင်ကို ခဏခဏပြန်ပြင်လို့နေတယ်။

သူ့အနောက်ကနေလျှောက်လာတဲ့ အသက်၈နှစ်၉နှစ်လောက်ပဲ ရှိဦးမယ်ထင်ရတဲ့ ကောင်လေးက သစ်လွင်တောက်ပတဲ့အဝတ်အစားတွေကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကိုအနောက်ပစ်ကာ အနည်းငယ်တွန့်ဆုတ်နေတယ်လို့ထင်ရတယ်။

"တစ်ဆိတ်လောက်ခင်ဗျ၊ လူလာရှာတာပါ" အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အငွေ့အသက်နဲ့ အမျိုးသားက ဝန်ထမ်းတစ်ယောက်ရဲ့အရှေ့ကို လျှောက်လာတယ်။ သူ့ရဲ့အသံက တကယ်ယောက်ျားအသံဖြစ်နေတာကိုကြားပြီး ဝန်ထမ်းဖြစ်သူက ခဏလောက်အံ့ဩသွားပုံပေါ်တယ်။ "ကလေးမလေးတစ်ယောက်ကိုတွေ့မိသေးလား? သူ့ပုံစံက... ဒီလိုမျိုး"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Onde histórias criam vida. Descubra agora