အခန်း ၅၅: ပန်းချီကားထဲကလူ

3.2K 613 38
                                    

{Unicode}

အခန်း ၅၅: ပန်းချီကားထဲကလူ

"ဘယ်သူ့ကိုလက်စားချေမလို့လဲ?" နင်နင်သူ့ကိုစိုက်ကြည့်နေတယ်။ "ချန်ကျွင်းယန့်ရောလီရှို့လန်ရောသေသွားပြီဆိုပေမဲ့... သမီးတို့အသက်ရှင်နေသေးတယ်လေ!"

"ဟား!" သူဌေးချူကလှောင်ရယ်လာတယ်။ သူလက်တွေကိုငုံ့ကြည့်လိုက်တယ်။ "ဒါကိုအသက်ရှင်နေတယ်လို့ပြောလို့ရတာလား?"

နင်နင်ပြန်မဖြေနိုင်ပါချေ။

"...မင်းပြောစရာမလိုတော့ဘူး" သူခေါင်းကိုဖြည်းဖြည်းချင်းပြန်လှည့်လိုက်တယ်။ သူ့မျက်လုံးတွေက အငြိုးအာဃာတတွေနဲ့တောက်လောင်လို့နေတယ်။ "သူတို့သေသွားပြီဆိုပေမဲ့ သူတို့ရဲ့သားစဉ်မြေးဆက်တွေရှိနေသေးတာပဲ၊ သူတို့ဒီနေရာကိုရောက်လာမယ့်နေ့ကို ငါစောင့်ပြီးလက်စားချေမယ်! ဘယ်သူမှငါ့ကိုတားလို့မရဘူး!"

"ဒါပေမဲ့..." နင်နင်သူ့ဆီကိုလက်ဆန့်ထုတ်လိုက်တယ်။

"မင်းလည်းမရဘူး!" သူဌေးချူသူမကိုအော်ပြောလိုက်တယ်။ သူမကိုအော်ဟစ်ပြီးတဲ့နောက်မှာ သူကပဲပြန်ပြီးတော့တွန့်သွားတယ်။ သူကကူကယ်ရာမဲ့စွာပြောလာတယ်။ "တောင်းပန်ပါတယ်၊ ငါမင်းကိုလန့်အောင်လုပ်ဖို့မရည်ရွယ်ပါဘူး..."

"ပါးပါး..." နင်နင်သူ့အနားကိုခြေတစ်လှမ်းတိုးလိုက်တယ်။

သူကအလောတကြီးခြေတစ်လှမ်းဆုတ်ကာ လက်တွေဆန့်ထုတ်ပြီးသူမကိုတားလာတယ်။ "အနားမကပ်လာနဲ့၊ မကပ်လာခဲ့နဲ့..."

သူခက်ခက်ခဲခဲစိတ်ကိုငြိမ်အောင်လုပ်လိုက်တယ်။ ပြီးတော့သူတို့နှစ်ယောက်ပထမဆုံးတွေ့ခဲ့တုန်းကလိုမျိုး သူမကိုအေးစက်စွာပြောလာတယ်။ "ငါမင်းရဲ့အဖေမဟုတ်ဘူး၊ ဧည့်သည် ရုပ်ရှင်ပြီးသွားပြီ၊ အိမ်ပြန်သင့်ပြီ"

အဲ့ဒီနောက်မှာနင်နင်ဘယ်လိုပဲငိုယိုပြီးတောင်းပန်ပါစေ သူပြန်ပြီးမတုံ့ပြန်တော့ပေ။

နင်နင်ငိုပြီးတဲ့နောက်မှာ လက်လျှော့ပြီးတော့သာထွက်သွားနိုင်တယ်။ သူမခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ကိုယ်ကိုပြန်လှည့်ကာသူ့ကိုကြည့်လာတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Wo Geschichten leben. Entdecke jetzt