အခန်း ၉၇: လူရှာထွက်ခြင်း

2.4K 500 116
                                    

{Unicode}

အခန်း ၉၇: လူရှာထွက်ခြင်း

ဒါကအိမ်ပြန်တဲ့လမ်းမဟုတ်ပေ။

နင်နင်ကားပြတင်းအပြင်ဘက်ကိုကြည့်လိုက်တယ်။ "အခုဘယ်သွားနေတာလဲ?"

ရွှီရုန်, "..."

တစ်နေ့တာရဲ့နောက်ဆုံးနေရောင်ပျပျက ပြတင်းအပြင်ဘက်ကနေ ဖြာကျလို့နေတယ်။ ခဏလောက်အကြာမှာ နေရောင်ပျောက်ကွယ်သွားပြီး လမ်းမီးတွေနဲ့ ကားရှေ့မီးရောင်တွေ စတင်လင်းလက်လာခဲ့တယ်။ ရွှီရုန်ကနင်နင့်ကိုချီထားရင်းနဲ့ တက္ကစီတစ်စီးအထဲမှာ ထိုင်နေတယ်။ သူမကနင်နင့်ကိုငုံ့ကြည့်ပြီးပြောလာတယ်။ "အပြင်ထွက်ပြီး ကစားချင်တယ်မလား?"

နင်နင်မှင်တက်သွားတယ်။

"ဘယ်သွားချင်လဲ?" ရွှီရုန်ပြုံးပြလာတယ်။ "ကြီးကြီးခေါ်သွားပေးမယ်"

နင်နင်တွန့်ဆုတ်နေမိတယ်။ အခုအချိန်မှာ သူမသွားချင်တဲ့နေရာတွေက များလွန်းနေတယ်။ သူငယ်ချင်းသံယောဇဉ်စားသောက်ဆိုင်၊ မုအာရဲ့အထက်တန်းကျောင်း၊ ချန်ကျူတက်ခဲ့တဲ့ဆေးရုံ...

အခုကစက်တင်ဘာ၃ရက်နေ့ရှိပြီဖြစ်တယ်။ သူငယ်ချင်းသံယောဇဉ်စားသောက်ဆိုင် မီးလောင်ပြီးပြာကျသွားပြီလား? မုအာရောကျောင်းကနေ ထွက်လိုက်ပြီလား? ချန်ကျူရောဆေးရုံကိုရောက်နေပြီလား?

သူမအတွေးများနေတဲ့အချိန်မှာပဲ တက္ကစီ‌မောင်းသမားက ကားကိုရုတ်တရက်ရပ်လိုက်တာကြောင့် သူမတို့နှစ်ယောက်လုံး အရှေ့ဘက်ကိုယိုင်သွားကြတယ်။

"ဘာဖြစ်လို့လဲ?" ရှီရုန်သေချာပြန်ထိုင်ပြီးတော့ ကားဆရာကိုမေးလိုက်တယ်။

တက္ကစီကားဆရာက ပြတင်းအပြင်ဘက်ကို ခေါင်းထုတ်ကြည့်ပြီးတော့ ပြန်ဖြေလာတယ်။ "ကျုပ်တို့အရှေ့မှာ ကားတိုက်မှုဖြစ်တယ်ထင်တယ်"

လမ်းအလယ်မှာကားတွေအများကြီးရပ်နေကြပြီး ဟွန်းသံတွေကဆက်တိုက် ထွက်လာလို့နေတယ်။ ဟွန်းသံတွေအပြင် ကားမောင်းသမားတွေရဲ့ အော်ဟစ်ဆဲဆိုသံ၊ ညည်းညူသံတွေနဲ့ စကားပြောသံတွေကိုတောင် တစ်စွန်းတစ်စကြားရသေးတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now