အခန်း ၆၀: အသုဘခန်းဆောင်ကအမျိုးသား

3K 553 42
                                    

{Unicode}

အခန်း ၆၀: အသုဘခန်းဆောင်ကအမျိုးသား

သူမတို့စောစောရောက်ခဲ့တာဖြစ်တာကြောင့် အသုဘအခမ်းအနားကမစတင်ရသေးပေ။

လီဖင်းဖင်းဘာဖြစ်လို့ ဒီလောက်ထိစောစောစီးစီးလာရလဲဆိုတာကို မကြာခင်မှာပဲနင်နင်သိလိုက်ရတယ်။

"စိတ်မကောင်းပါဘူး မစ္စတာဖေ" လီဖင်းဖင်းကလက်ထဲမှာပန်းစည်းကိုကိုင်ကာ သူမဘေးကအမျိုးသားကိုဂရုတစိုက်ပြောလိုက်တယ်။

ထိုအမျိုးသားက ကွယ်လွန်သူရဲ့ခင်ပွန်းဖြစ်တယ်။

ထိုလူကတန်ဖိုးကြီးပုံပေါ်တဲ့ အနက်ရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားကာ နာမည်ကြီးတံဆိပ်လက်ပတ်နာရီကို ခဏခဏငုံ့ကြည့်လို့နေတယ်။ သူဆင်ယင်ထားတဲ့ပုံစံက ဘယ်ယောက်ျားသားကိုမဆို ခန့်ထည်လာစေနိုင်တဲ့ပုံစံဖြစ်တယ်။ အဲ့ဒါအပြင် သူကနဂိုကြည့်ကောင်းတဲ့လူပါဖြစ်နေသေးတယ်။

ဒါပေမဲ့နင်နင်သူ့အနားကိုမကပ်သွားရဲပါချေ။

"ဒါက?" သူခေါင်းလှည့်ကာ သူမကိုကြည့်လာတယ်။

လီဖင်းဖင်းကနင်နင့်ကိုမမိတ်ဆက်ပေးချင်ပေမဲ့ ထိုလူကိုလည်းတစ်မျိုးမထင်သွားစေချင်တာကြောင့် တွန့်ဆုတ်စွာနဲ့သာပြောလာနိုင်တယ်။ "ဒါကကျွန်မနဲ့ယန့်ချင်ရဲ့လုပ်‌ဖော်ကိုင်ဖက်လေ၊ ယွင်လင်"

"တွေ့ရတာဝမ်းသာပါတယ်" ထိုလူကနင်နင့်ကိုလက်ဆန့်ထုတ်ပေးလာတယ်။ "ယန့်ချင်ရဲ့နာရေးကိုလာပေးတာ ကျေးဇူးတင်ပါတယ်၊ ကိုယ်ကသူ့ရဲ့အမျိုးသား ဖေရွှမ်ပါ"

အဲ့ဒါကနင်နင်သူ့အနားကိုမကပ်သွားရဲတဲ့ အကြောင်းပြချက်ပဲဖြစ်တယ်။

ဖေရွှမ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ ဘဝရုပ်ရှင်ရုံတံခါးစောင့်ဟောင်းရဲ့နာမည်။

သူတို့နှစ်‌ယောက်ကတစ်ယောက်တည်းလား? နင်နင်သူ့မျက်နှာကိုကြည့်လိုက်တယ်။ အဲ့ဒါကထိုအရင်တံခါးစောင့်ရဲ့မျက်နှာနဲ့တူတယ်လို့ထင်ရသလို မတူဘူးလို့လည်းထင်နေရတယ်။ အဲ့ဒီအချိန်တုန်းက သူမရှီကျုံးထန်နဲ့ခိုးပြေးဖို့ကြံနေရတာ‌ကြောင့် သူ့ရဲ့မျက်နှာကိုသေချာအာရုံမထားနိုင်ခဲ့ပါချေ။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now