အခန်း ၁၇၃: ကိုယ့်ကိုမစွန့်ပစ်လိုက်ပါနဲ့

2.4K 393 82
                                    

{Unicode}

အခန်း ၁၇၃: ကိုယ့်ကိုမစွန့်ပစ်လိုက်ပါနဲ့

"အစ်ကို!!" ကျယ်လောင်ပြင်းထန်တဲ့ အသံတစ်သံက ချွန်ထက်တဲ့ဓားသွားတစ်ခုလိုမျိုး မြူခိုးငွေ့တွေကို ထိုးဖောက်လို့လာတယ်။

နင်နင်လှည့်ကြည့်လိုက်တော့ ဝမ်ယွီကိုတွေ့ရတယ်။

မတွေ့ရတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ အစ်ကိုဖြစ်သူကို ပထမဆုံးပြန်တွေ့ရတဲ့အချိန်မှာ ဝမ်ယွီပထမဆုံးလုပ်တဲ့အရာက တစ်ဖက်လူကိုပြေးထိုးတာပင်။

"ကျွန်တော့်ကိုဘာကတိပေးခဲ့လဲ?" ဝမ်ယွီ ဒေါသအပြည့်နဲ့ ပြောလိုက်တယ်။ "သူ့ကိုစိတ်ပျက်အောင်လုပ်မှာ မဟုတ်ဘူးဆို!"

"...မင်းကဘာသိလို့လဲ?" ရှီကျုံးထန်က အထိုးခံလိုက်ရတဲ့မျက်နှာကို တည့်တည့်ပြန်မတ်ပြီး ဝမ်ယွီရဲ့အင်္ကျီကော်လာကို ဆော့ဆွဲကာ ဒေါသတကြီး ပြောလာခဲ့တယ်။ "ငါ့ကိုကြည့်! ငါ့ကိုသေချာကြည့်! ခနဲ့တဲ့စကားတွေပဲ လာပြောမနေနဲ့! ငါ့နေရာမှာဆိုရင် မင်းလည်းဒီလိုပဲလုပ်မှာပဲ!"

မသဲကွဲတဲ့ အဖြူရောင်မြူငွေ့တွေကြားထဲမှာ အဝေးကကြည့်ရင် တစ်ယောက်ကိုတစ်ယောက် ခပ်ရေး‌ရေးသာမြင်ရတယ်။

အခုအနီးကပ်သေချာကြည့်မိတဲ့အချိန်မှ ရှီကျုံးထန်ရဲ့မျက်နှာပေါ်က မျက်နှာဖုံးနဲ့ သူ့ရဲ့ဖြူရော်နေတဲ့ နားသယ်တွေကို ဝမ်ယွီမြင်လိုက်ရတယ်။

ဝမ်ယွီမှင်တက်သွားမိတယ်။ "အစ်ကို... ဒါဘာဖြစ်တာလဲ?"

ရှီကျုံးထန်က သူ့ကိုတွန်းထုတ်ပြီး နင်နင့်ရဲ့လက်ကိုဆွဲကိုင်ကာ ဘဝရုပ်ရှင်ရုံရှိရာဘက်ကို ‌စပြေးတော့တယ်။

"ရှီထို့ကော၊ ဘာဖြစ်လို့... အသက်ကြီးလာတာလဲ?"

ရှီကျုံးထန်ခြေလှမ်းတွေကိုရပ်လိုက်မိတယ်။

သူခေါင်းကိုဆွဲဆုပ်လိုက်တဲ့အချိန်မှာ ပြန်ပါလာတဲ့ဆံပင်မွေးတွေက တစ်ဝက်မည်းပြီး တစ်ဝက်ဖြူလို့နေတယ်။ ခဏ... သူလက်ဖမိုးလှန်ကြည့်လိုက်တော့ သူ့ရဲ့မျက်ဝန်းတွေ ပြူးကျယ်လာရတယ်။ သူ့လက်ဖမိုးပေါ်က အသားအရည်က သစ်ပင်အိုတစ်ပင်မှာ ပွားများလာတဲ့ ပင်စည်ကွင်းတွေလိုမျိုး တဖြည်းဖြည်းပိုပြီး တွန့်ရှုံ့လာလို့နေတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now