အခန်း ၇၇: တစ်ထေရာတည်း?

2.9K 519 56
                                    

{Unicode}

အခန်း ၇၇: တစ်ထေရာတည်း?

မျက်နှာဖုံးပေါ်မှာပါးစပ်ပေါက်မရှိပေ။ အဲ့ဒီအောက်မှာလည်း ပါးစပ်ပေါက်မရှိတဲ့ပုံပင်။

ထိုအဝလွန်နေတဲ့မျက်နှာဖုံးနဲ့လူက နင်နင့်ကိုတစ်ခုခုပြောချင်နေပုံပေါ်ပြီး သူ့ရဲ့လက်တွေခြေတွေကိုလုပ်ရှားလာတယ်။ ဒါပေမဲ့သူ့ဆီကနေထွက်လာတာကတော့ သဲသဲကွဲကွဲမကြားနိုင်တဲ့ လုံးလုံးထွေးထွေးအသံတွေပဲဖြစ်တယ်။

နင်နင်ရဲ့အမူအရာမဲ့နေတဲ့မျက်နှာကိုတွေ့လိုက်ရတော့ သူ‌ခေါင်းတစ်ချက်စောင်းပြီး စဉ်းစားလိုက်တယ်။ ပြီးတော့ရုတ်တရက် သူ့ရဲ့အိတ်ကပ်ထဲကတစ်စုံတစ်ခုကိုထုတ်ကာ နင်နင့်လက်ထဲထိုးထည့်ပေးလာတယ်။

အဲ့ဒါကလက်မှတ်တစ်စောင်ဖြစ်တယ်။

လက်မှတ်ပေါ်မှာရှိတာက သူ့ရဲ့ပုံတူဖြစ်တယ်။

အဓိကဇာတ်ကောင်လက်မှတ်။

နင်နင်ကြောက်လန့်တကြားနဲ့ အနောက်ကိုဆုတ်လိုက်တယ်။ သူမခပ်မြန်မြန် လက်‌ယမ်းပြလိုက်တယ်။ "ကျွန်မအဲ့ဒါမယူချင်ဘူး"

မျက်နှာဖုံးနဲ့လူက ထပ်ပြီးခေါင်းစောင်းလိုက်တယ်။ သူကသူ့ရဲ့အဓိကဇာတ်ကောင်လက်မှတ်ကို ပြန်သိမ်းလိုက်ပြီး အခြားလက်တစ်ဖက်နဲ့ နောက်ထပ်လက်မှတ်တစ်စောင်ကို သူ့ရဲ့အိတ်ကပ်ထဲကနေထုတ်ယူလိုက်တယ်။

သာမန်လက်မှတ်။

"အာ ဟာ..." သူကထိုသာမန်လက်မှတ်ကို နင်နင့်ဆီကမ်းပေးလာတယယ်။ သူကဒီလိုမေးနေပုံပေါ်တယ်, 'ဒီတစ်ခုဆိုရင်ရောရမလား?'

နင်နင်ထိုသာမန်လက်မှတ်ကိုကြည့်ပြီး သူ့ကိုပြန်ကြည့်လိုက်တယ်။ သူမကထိုလက်မှတ်ကိုမယူရဲသေးပေ။ မေမေချန်သွားတဲ့စကားတွေထဲမှာ အဲ့ဒါကထင်ထင်ရှားရှားပါနေတာပဲ: "ဘာပဲဖြစ်လာလာ ရုပ်ရှင်ရုံဝန်ထမ်း‌တွေဆီကလက်မှတ်ကို လုံးဝမယူနဲ့"။ အဲ့ဒီလက်မှတ်ဆိုတာက အဓိကဇာတ်ကောင်လက်မှတ်ကိုပဲပြောတာလား၊ သာမန်လက်မှတ်တွေရောအကျုံးဝင်လား?

"ရပြီ၊ သူလက်ခံမှာမဟုတ်ဘူးလို့ ငါမင်းကိုပြောသားပဲ" ရှီကျုံးထန်ကနင်နင့်ရဲ့ပုခုံးပေါ်ကိုလက်တင်ပြီး သူ့အရှေ့ကမျက်နှာဖုံးနဲ့လူကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now