အခန်း ၁၁၃: အန္တရာယ်အများဆုံးရည်းစား

2.5K 451 93
                                    

{Unicode}

အခန်း ၁၁၃: အန္တရာယ်အများဆုံးရည်းစား

ညစာစားပြီးနောက်မှာ ဟိုင်ကောကနင်နင့်ကို တစ်ခုခုသောက်ဖို့အတွက် ဟိုတယ်သွားဖို့ခေါ်လာတယ်။ ဟဟ၊ ဟိုတယ်သွားပြီး တစ်ခုခုသောက်မယ်ပေါ့လေ?

"ဟင့်အင်း၊ ကျွန်မမနက်ဖြန်အလုပ်ရှိသေးလို့" နောက်ဆက်လာနိုင်တဲ့ အချစ်ခန်းကိုရှောင်ရှားဖို့အတွက် နင်နင်ငြင်းဆိုကာ စကားလမ်းကြောင်းလွှဲဖို့ ကြိုးစားလိုက်တယ်။ "ဟုတ်သားပဲ၊ ရှောင်ခယ့်ဘာပြောလဲ"

သူတို့နှစ်ယောက်အငြင်းအခုံရဲ့ အစပိုင်းကိုသာ နင်နင်ကြားလိုက်ရတယ်။ နှစ်ယောက်လုံးက သူတို့ရဲ့မွေးရပ်ဒေသသုံးစကားနဲ့ အော်ဟစ်ပြောဆိုနေကြတာကြောင့် နင်နင်တစ်ခုမှနားမလည်ခဲ့ပေ– မသိရင် အဆင့်၆ အင်္ဂလိပ်နားထောင်စွမ်းရည် စာမေးပွဲကိုဖြေနေရသလိုပဲ!

"သူမင်းကိုနှောင့်ယှက်မှာမဟုတ်တော့ဘူး" ဟိုင်ကောကမော်ကြွားစွာပြောလာတယ်။ "အဲ့လိုမဟုတ်လို့ကတော့ ဒီလောင်ဇီက သူ့ရဲ့‌ရေကြောကိုရော သူ့ကိုရော ဖြတ်ပစ်လိုက်မှာပေါ့! ဒီလောင်ဇီကြောင့်သာမဟုတ်ရင် အဲ့ကောင်က ဝမ့်ဝမ့်ဆန်မုန့်*တစ်ထုပ်တောင် ဝယ်စားနိုင်မှာမဟုတ်ဘူးလို့ပြောရင် မင်းယုံလား?"

ယုံတယ်! ဖေ့ဖေ့ရဲ့ဘဏ္ဍာရေးခွင့်ပြုမိန့်!

"သူ့ကိုအိမ်ဟောင်းဆီပါပို့ပစ်ဦးမှာ! အဲ့မှာလူတွေထက် တိရစ္ဆာန်တွေကပိုများတယ်– အဲ့ရောက်ရင် သူ့အလုပ်အကိုင်နယ်ပယ်ပါပြောင်းပြီး တိကုလုပ်လို့ရတာပေါ့!"

"ခဏ!" နင်နင်အံ့အားသင့်စွာပြောလိုက်တယ်။ "သူကဆရာဝန်လား?"

"ဟက် ဘယ်ကလာ၊ အခုမှဆေးကျောင်းသား"

ဆေးကျောင်းသား! လုပ်ကြပါဦး! ရည်းစားဟောင်းတစ်ယောက်အတွက် အန္တရာယ်အများဆုံး အလုပ်အကိုင်တွေထဲက ထိပ်ဆုံးတစ်ခုပဲ!

နင်နင်စိုးရိမ်ပူပန်မှုတွေနဲ့ အိမ်ကိုပြန်လာခဲ့တယ်။ အိမ်တစ်ခုလုံးက မှောင်မည်းလို့နေတယ်။ သူမတံခါးဘေးက မီးခလုတ်ကိုဖွင့်လိုက်တာနဲ့ လိပ်ပြာလွင့်မတတ် လန့်ဖြန့်သွားရတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now