အခန်း ၁၂၉: တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားတဲ့လူ

2.5K 474 28
                                    

{Unicode}

အခန်း ၁၂၉: တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားတဲ့လူ

သူ့အရှေ့ကလူကိုကြည့်ပြီး ချန်ရွှမ်းဟယ် ရုတ်တရက်တုန်ယင်သွားတယ်။

"ဧည့်သည် ဒီဘက်ကိုလာခဲ့ပေးပါ"

"...ခဏနေပါဦး၊ မင်းကဧည့်သည်မဟုတ်ဘူးပဲ"

"ခိုးဝင်လာတာ!! ဟားဟားဟား မြန်မြန်၊ ငါ့ကောင်တို့ မြန်မြန်လာကြည့်ကြ! တစ်ယောက်ယောက်ခိုးဝင်လာပြီ၊ ဒီမှာလူတစ်ယောက် တကယ်ကြီးခိုးဝင်လာပြီ!!"

မျက်နှာဖုံးနဲ့လူတွေက တစ်ဟုန်ထိုးပြေးထွက်လာခဲ့ကြတယ်။ ပိတ်ကားချပ်ပေါ်မှာ သွေးနီရောင်နံပါတ်တစ်ခု ပေါ်ထွက်လာတယ်။ ထိုနံပါတ် သုညကိုရောက်သွားတဲ့အချိန်မှာ မျက်ဝန်းတစ်စုံက ပိတ်ကားချပ်ပေါ်မှာ ထွက်ပေါ်လာခဲ့တယ်။

ကားတစ်စီးရဲ့ရှေ့မီးတွေ ရုတ်တရက်ပွင့်လာသလိုမျိုး မှောင်မည်းနေတဲ့ညယံမှာ အဖြူရောင်အလင်းတန်းနှစ်ခုက သူ့ကိုယ်ပေါ်ဖြာကျလာတယ်။ စူးရှလွန်းတဲ့အလင်းရောင်ကြောင့် ချန်ရွှမ်းဟယ် မျက်လုံးတွေကို အလိုအလျောက်မှိတ်ချလိုက်မိတယ်။ သူ့ရဲ့မျက်ခွံတွေ တစ်ဖန်ပြန်ပွင့်လာတဲ့အချိန်မှာ သူအတိတ်ကိုရောက်လာခဲ့ပြီဖြစ်တယ်။

"ငါအိပ်မက်မက်နေတာလား?" ချန်ရွှမ်းဟယ်ရေရွတ်ကာ ရှီကျုံးထန်ကိုထိတွေ့ကြည့်ဖို့ လက်ဆန့်ထုတ်လိုက်တယ်။

ဒါကအိပ်မက်တစ်ခုသာဆိုရင် သူ့ရဲ့လက်ချောင်းတွေက ထိုလူရဲ့ခန္ဓာကိုယ်ထဲ ဖောက်ဝင်သွားရမှာဖြစ်တယ်။ ဒါပေမဲ့အခုတော့ မာကျောနေတဲ့ကျောက်စိမ်းမျက်နှာဖုံးကို ထိတွေ့မိသွားတဲ့ သူ့ရဲ့လက်ချောင်းတွေကနေ နွေးထွေးပြီးအေးစက်တဲ့ခံစားချက်တစ်ခု ပျံ့နှံ့လာတာကို သူခံစားမိလိုက်တယ်။

ချန်ရွှမ်းဟယ်ချက်ချင်းပဲလက်ပြန်ရုတ်ပြီး တစ်ဖက်လူကိုသတိအပြည့်နဲ့ အံ့အားသင့်စွာကြည့်လိုက်တယ်။ "မင်းကအစစ်လား?"

"ဘာကိုအစစ်လားမေးနေတာလဲ?"

အမျိုးသမီးတစ်ယောက်ရဲ့အသံက သူ့အနောက်ကနေထွက်‌ပေါ်လာခဲ့တယ်။ ချန်ရွှမ်းဟယ်ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်တော့ ဆံနွယ်ရှည်နဲ့ ဖြူရော်နေတဲ့မျက်နှာကိုပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကိုအပြုံးတစ်ခုနဲ့ ကြည့်နေတာကို တွေ့လိုက်ရတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now