အခန်း ၆၅: ဓာတ်ပုံဘောင်များ

2.7K 552 26
                                    

{Unicode}

အခန်း ၆၅: ဓာတ်ပုံဘောင်များ

တရှဲရှဲမြည်သံနဲ့အတူ ကြက်ဥကရွှေရောင်သမ်းလာတယ်။

"ရှင်ကြက်ဥဘယ်နှစ်လုံးယူမလို့လဲ?" နင်နင်ကအေပရွန်ဝတ်ထားပြီး ‌ဒယ်အိုးအရှေ့မှာရပ်နေတယ်။

"တစ်လုံးပဲ" ဧည့်ခန်းထဲကနေ ဖေရွှမ်ရဲ့အသံပေါ်ထွက်လာတယ်။

နင်နင်ကြက်ဥနှစ်လုံးကိုမကျက်တကျက်ကြော်ပြီး အဖြူရောင်ကြွေပန်းကန်အပေါ်တင်လိုက်တယ်။ ပြီးတော့ကိုယ်ကိုလှည့်ကာ မီးဖိုခန်းထဲကနေလျှောက်ထွက်လာတယ်။ သူမအခန်းအပြင်ဘက်ကိုရောက်ခါနီးအချိန်မှာ နံရံပေါ်ကဓာတ်ပုံဘောင်ဆီကို အကြည့်ရောက်သွားတယ်။

ဓာတ်ပုံဘောင်ထဲမှာရှိနေတာကယန့်ချင်ဖြစ်တယ်။ သူမကနင်နင်အခုဝတ်ထားတဲ့ အေပရွန်ကိုဝတ်ထားကာ တစ်ပုံစံတည်းတူတဲ့ကြက်ဥကြော်ပန်းကန်ကိုကိုင်ထားတယ်– ဒါပေမဲ့ထူးဆန်းတာတော့မဟုတ်ပါချေ။ ဖေရွှမ်ကကြက်ဥကြော်ကြိုက်တာပဲ။

အချိန်တစ်ခုကြာတဲ့အထိနင်နင် ဓာတ်ပုံဘောင်ထဲကယန့်ချင်နဲ့ အကြည့်ချင်းစုံ‌နေမိပြီး ကိုယ်ကိုလှည့်ကာလျှောက်ထွက်သွားတယ်။

နေရောင်ခြည်က ဧည့်ခန်းထဲမှာဖြာကျလို့နေတယ်။ အနီရောင်နဲ့အဖြူရောင်လေးထောင့်အကွက်စားပွဲခင်းနဲ့ ဖုံးလွှမ်းထားတဲ့စားပွဲရှည်အပေါ်မှာ ပဲနို့နှစ်ခွက်နဲ့အီကြာကွေးတစ်ပန်းကန်ရှိနေတယ်။

ဖေရွှမ်ကသတင်းစာကိုလက်ထဲကိုင်ကာ စားပွဲအရှေ့မှာထိုင်နေတယ်။ သူကနင်နင်ရဲ့ခြေသံကိုကြားပြီး အပြုံးနဲ့ပြောလာတယ်။ "ဒီကိုလာ၊ ကိုယ်မင်းကိုမနက်ခင်းအနမ်းပေးရအောင်"

နင်နင်ခါးကိုင်းလိုက်တယ်။ သူကသူမမျက်နှာပေါ်ကိုနမ်းရှုံ့လာတယ်။ အေးစက်တယ်၊ တစ်စက်မှမနွေးထွေးဘူး။ သူမမြွေတစ်ကောင်ရဲ့လျှာနဲ့အလျက်ခံလိုက်ရသလို ခံစားလိုက်ရတယ်။

သူ့အနောက်နံရံပေါ်ကဓာတ်ပုံဘောင်ကို သူမမျက်လုံးထောင့်စွန်းကနေကြည့်လိုက်တယ်။ ဓာတ်ပုံဘောင်ထဲမှာရှိတာက ယန့်ချင်ရဲ့နောက်ထပ်ဓာတ်ပုံတစ်ပုံပဲဖြစ်တယ်။ သူမကခါးကိုင်းလို့ထားကာ အနမ်းခံရဖို့စောင့်နေတာနဲ့တူသလို အခုလေးတင်အနမ်းခံလိုက်ရလို့ ပြုံးရွှင်နေပုံလည်းတူတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now