အခန်း ၇၉: လမ်းမှန်ပေါ်ပြန်တင်ခြင်း

2.6K 516 54
                                    

{Unicode}

အခန်း ၇၉: လမ်းမှန်ပေါ်ပြန်တင်ခြင်း

ဆေးရုံမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအလုပ်များနေကြတယ်။

ချန်ကျူကဆေးရုံခုတင်ပေါ်မှာလှဲလျောင်းနေပြီး ခုတင်ဘေးမှာရပ်နေတဲ့ဆရာဝန်တစ်ယောက်က သူမကိုညွှန်ပြရင်းမေးလာတယ်။ "မိသားစုကိုဆက်သွယ်ပြီးသွားပြီလား?"

"ပြီးပါပြီဆရာ" သူနာပြုတစ်ဦးကပြန်ဖြေလာတယ်။

"သူတို့ဘယ်တော့ဆေးရုံစရိတ်ပေးမယ်လို့ပြောလဲ?" ဆရာဝန်ဆက်မေးလာတယ်။

"ကိစ္စတစ်ခုဖြစ်သွားတာ" သူနာပြုကပြန်ဖြေလာတယ်။ "သူတို့အိမ်မီးလောင်သွားပြီး ကလေးနှစ်ယောက်လည်းနေစရာမရှိတော့ဘူး၊ အဲ့ဒါကြောင့်မလို့ ပိုက်ဆံလိုက်ချေးငှားနေရတဲ့ပုံပဲ"

"အဲ့လိုမျိုးအဖြစ်မျိုးနဲ့ကြုံရတယ်လို့" ဆရာဝန်ကခေါင်းခါရင်း သက်ပြင်းချလာတယ်။ "မိုးကရွာရင်မစဲတော့ဘူးပဲ၊ ဒါပေမဲ့သူတို့အမေကို ဒီမှာပဲထားထားပြီး လျစ်လျူရှုထားလို့လည်းမရမှမရတာ"

အဲ့အချိန်မှာပဲ တိုးလျတဲ့အသံတစ်ခုက သူတို့အနောက်ကနေထွက်ပေါ်လာတယ်။ "ဒေါက်တာ၊ ကျွန်မတို့အမေကိုလာပြန်ခေါ်တာပါ"

ဆရာဝန်နဲ့သူနာပြုနှစ်ယောက် ခေါင်းလှည့်ကြည့်လိုက်တော့ လူနာဆောင်အဝမှာရပ်နေတဲ့ မောင်နှမနှစ်ယောက်ကိုတွေ့လိုက်ရတယ်။

နင်နင်ကအရင်တစ်ခေါက်နဲ့စာရင် အရမ်းအားနည်းနေပုံပေါ်တယ်။ မုကွားတောင်နည်းနည်းပိန်ကျသွားပြီး သူ့ရဲ့နဂိုဝတုတ်နေတဲ့မျက်နှာက အများကြီးထင်ပေါ်လာကာ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ကြည့်ကောင်းတဲ့မျက်နှာအချိုးအစားက ဖြည်းဖြည်းချင်းနေရာယူလာနေပြီဖြစ်တယ်။

ဆေးရုံဆင်းဖို့စာရွက်စာတမ်းတွေဖြည့်ပြီးသွားတော့ နင်နင်ခါးကုန်းကာ မုကွားကိုပြောလိုက်တယ်။ "လာ အမေ့ကိုငါ့ကျောပေါ်တင်ပေး"

အိမ်ပြာကျသွားပြီးတဲ့နောက်မှာ သူတို့မောင်နှမနှစ်ယောက်လုံး ပိုက်ဆံရှာပေါက်ပိတ်သွားရတယ်။ ဆွေမျိုးမိတ်ဆွေတွေဆီကနေ ပိုက်ဆံချေးငှားဖို့ နင်နင်ကြိုးစားကြည့်ခဲ့ပေမဲ့လည်း မျက်နှာလွှဲခဲပစ်လုပ်ကြတဲ့ လူတွေနဲ့သာကြုံခဲ့ရတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Onde histórias criam vida. Descubra agora