အခန်း ၁၄၇: နင်မိသားစုရဲ့နေရာ

2K 393 16
                                    

{Unicode}

အခန်း ၁၄၇: နင်မိသားစုရဲ့နေရာ

ရွာဘက်မှာအခြေချနေကြတဲ့ ခြင်တွေရဲ့အင်အားက အရမ်းကြီးလွန်းတာကြောင့် တစ်ချက်အကိုက်ခံရရုံနဲ့ အဖုအကြီးကြီး ထွက်လာမှာဖြစ်တယ်။ နင်နင် ထိုခြင်တွေကျေးဇူးနဲ့ ညသန်းခေါင်ကြီး နိုးလာခဲ့ရတယ်။ နိုးလာပြီးတာနဲ့ ချွေ့ဟုန်မေရဲ့မိုးကွဲမတတ် ဟောက်သံကိုကြားပြီးနောက်မှာ သူမဆက်အိပ်လို့မရတော့ချေ။ သူမရဲ့မျက်ဝန်းတွေက နေထွက်လာတဲ့အထိ ပြူးကျယ်လို့သာနေတယ်။

နင်နင်အိပ်ရာထဲကနေ ဖြည်းဖြည်းချင်းထွက်ပြီး တံခါးကိုညင်ညင်သာသာဖွင့်ကာ အပြင်ဘက်ထွက်လာခဲ့တယ်။ တံခါးရဲ့တစ်ဖက်ခြမ်းမှာ တိတ်တဆိတ်ရှိနေတဲ့ နင်ရွာကို သူမငေးကြည့်လိုက်တယ်။

တစ်ချက်ကြည့်ရင် အဲ့ဒါကအိုဟောင်းနေတဲ့ ရွာငယ်လေးပဲဖြစ်တယ်။

အနက်ရောင်အုတ်ကြွပ်ပြားတွေ၊ အဖြူရောင်နံရံတွေနဲ့ ဆောက်လုပ်ထားတဲ့ ဟွေးကျိုး¹ ဗိသုကာပုံစံ အဆောက်အအုံတွေ၊ နီးနီးကပ်ကပ်တည်ရှိနေကြတဲ့ အိမ်တွေ၊ ထိုအိမ်တွေကနေ တွဲလွဲကျနေတဲ့ တံစက်မြိတ်တွေ၊ ရွာကသေးငယ်ပေမဲ့ စုံလင်လှတယ်။ ရှည်လျားကျဉ်းမြောင်းတဲ့ ရွာလမ်းလေးတွေအတိုင်း လျှောက်ဆင်းသွားမယ်ဆိုရင် တော်ဝင်ဘွဲ့နှင်းအထိမ်းအမှတ်မုခ်ခုံးနဲ့ ဗြဟ္မစရိယမုခ်ခုံးနှစ်ခုရဲ့အလွန် ဘိုးဘေးခန်းမမှာ အဆုံးသတ်သွားလိမ့်မယ်။

တော်ဝင်ဘွဲ့နှင်းအထိမ်းအမှတ်မုခ်ခုံးနဲ့ ဗြဟ္မစရိယမုခ်ခုံးတို့က သဘာဝဒဏ်တွေကြောင့် ယိုယွင်းလို့နေပြီဖြစ်တယ်။ သူမရဲ့အ‌ရှေ့မှာရှိတဲ့ ဘိုးဘေးခန်းမကသာ မီးအိမ်တွေ၊ ပန်းကုံးပန်းဆိုင်းတွေ၊ တန်ဆာတွေနဲ့ ဆင်ယင်လို့ထားတယ်။

လူတစ်စုက တံခါးအရှေ့မှာ ဟိုဟိုဒီဒီအလုပ်များနေကြတာကြောင့် ခန်းမနေရာက ပျားပန်းခတ်လို့နေတယ်။ ရွာသားတွေက သူတို့ရဲ့လက်နဲ့ သစ်သားစင်မြင့်တစ်ခုကို ဆောက်လုပ်နေကြပြီး ရွာသူကြီးက သူတို့ကိုဦးဆောင်ညွှန်ကြားလို့နေတယ်။

ရုတ်တရက်လူတစ်ယောက်က နင်နင့်ကိုလက်ညှိုးထိုးပြီး ပြုံးကာပြောလာတယ်။ "အား၊ နင်အိမ်ကသမီးလေး၊ ဘယ်လိုလုပ်ပြီးရောက်လာတာလဲ?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now