အခန်း ၇၂: မေးခွန်းသုံးခု

3K 575 44
                                    

{Unicode}

အခန်း ၇၂: မေးခွန်းသုံးခု

"သိပြီးရင်လည်း ဘာဖြစ်လို့မေးနေသေးလဲ?" ချွေ့ဟုန်မေကအေးစက်စက်ရယ်ရင်း ပြောလာတယ်။

နင်နင်ချက်ချင်းမူးမေ့ချင်သလိုခံစားလိုက်ရတယ်။ သူမမျက်လုံးတွေမှိတ်ချပြီးမှ ပြန်ဖွင့်လိုက်တယ်။ "သူအဲ့ဒီလက်မှတ်တွေကို ဘယ်သူ့ဆီကနေဝယ်တာလဲ?"

"ငါကဘယ်လိုလုပ်သိမှာလဲ?" ချွေ့ဟုန်မေကကော်ဖီခွက်ကိုပြန်ချပြီး သကြားတွေထည့်ကာ ဇွန်းနဲ့မွှေလိုက်တယ်။ "သူကနင်တစ်ယောက်တည်းကိုပဲ သူ့ရဲ့မိသားစုဝင်လိုဆက်ဆံခဲ့တာ၊ ငါ့ကိုတော့အရာအားလုံးဖုံးကွယ်ထားပြီး အမြဲတမ်းသတိနဲ့ဆက်ဆံခဲ့တာလေ..."

ချွေ့ဟုန်မေကမွှေနေတာကိုရပ်လိုက်ကာ အထီးကျန်ညှိုးငယ်တဲ့အရိပ်အယောင်က သူမမျက်နှာပေါ်မှာဖြတ်ပြေးသွားတယ်။

ဒါပေမဲ့ထိုအရိပ်အယောင်က ဖြတ်ခနဲပြန်လည်ပျောက်ကွယ်သွားကာ ခဏလေးအတွင်းမှာပဲ သူမရဲ့နဂိုထေ့ငေါ့တဲ့အမူအရာ ပြန်လည်ပေါ်ထွက်လာတယ်။ "ဒါပေမဲ့ငါ့မှာလည်း နားတွေမျက်စိတွေရှိတာပဲ၊ ငါကြားနိုင်တယ်မြင်နိုင်တယ်၊ သူငါ့ဆီကနေ အကုန်လုံးဖုံးကွယ်ထားလို့မရပါဘူး"

"ရှင်ဘာကြားခဲ့လဲ" နင်နင်ခါးမတ်ပြီး သူမကိုကြည့်လိုက်တယ်။ "ဘာကိုမြင်ခဲ့လဲ?"

"လူတိုင်းကငါ့ကိုလူဆိုးကြီးလိုပဲဆက်ဆံပြီး သူကျတော့မင်းသမီးလေးပေါ့" ချွေ့ဟုန်မေပြောလာတယ်။ "ဒါပေမဲ့ဒီလောကထဲမှာ အမြဲတမ်းဆိုးပဲဆိုးနေ ကောင်းပဲကောင်းနေတဲ့ လူမျိုးမှမရှိတာ၊ ပြိုင်ဘက်ကင်းရုပ်ရှင်ဧကရီ၊ အနုပညာရတနာသရဖူ၊ လောကရဲ့ရင်သက်ရှုမောဖွယ်ရာ– သူ့ရဲ့သွေးစုပ်ဖုတ်ကောင်လိုအမေကြောင့် ဘဝကိုဆင်းဆင်းရဲရဲဖြတ်သန်းခဲ့ရတယ်... နင်တို့အကုန်အဲ့လိုမျိုးထင်နေကြပေမဲ့ သူကအဲ့လောက်ထိအပြစ်ကင်းမနေဘူး"

...အကျိုးနည်း၊ အဲ့ဒါတွေကအနုပညာသတင်းခေါင်းစီးပိုင်းတွေမှာ ပါလာနေကျအသုံးအနှုန်းတွေမဟုတ်ဘူးလား? ရှင်ပြောတော့ လူတွေရှင့်ကိုဘာပြောပြောဂရုမစိုက်ဘူးဆို? အဲ့လိုပြောပြီးတော့ အဲ့ဒါတွေကျတော့တစ်လုံးမှမကျန် သေချာအလွတ်ကျက်ထားတာလား?

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now