အခန်း ၁၆၃: မျက်နှာဖုံးနဲ့လူရဲ့ချစ်သူ

1.8K 388 6
                                    

{Unicode}

အခန်း ၁၆၃: မျက်နှာဖုံးနဲ့လူရဲ့ချစ်သူ

မြေကြီးပေါ်ပြုတ်ကျလာတာက ရိုက်ကူးရေးအဖွဲ့ထဲက မိတ်ကပ်ဆရာမလေးဖြစ်တယ်။

လူနာတင်ယာဉ်က လမ်းမှာပဲရှိနေသေးကာ ဒါရိုက်တာချန်က ဖုန်းပြောလို့နေတယ်။

သူဖုန်းတစ်ဖက်ခြမ်းဆီ ပြောလိုက်တဲ့စကားကို နင်နင် နားစွန်နားဖျား ကြားလိုက်ရတယ်။ "မတော်တဆအသေးစား‌လေးပါ"

"မတော်တဆမဟုတ်ဘူး" နင်နင်လက်ပိုက်ပြီး ချန်ရွှမ်းဟယ်ကို အသံနိမ့်နိမ့်နဲ့ပြောလိုက်တယ်။ "ရှင်လည်းတွေ့လိုက်တယ်မလား?"

"အင်း" ချန်ရွှမ်းဟယ်ရဲ့မျက်နှာအမူအရာက ဆိုးရွားလို့နေတယ်။

သူမတို့နှစ်ယောက်လုံး အမိုးအောက်ထပ်ခိုးခန်းကို မော့ကြည့်လိုက်မိကြတယ်။

မိတ်ကပ်ဆရာမက ထိုနေရာကနေ ပြုတ်ကျလာတာဖြစ်တယ်။ သူမအနားမှာ ဘယ်သူမှရှိမနေခဲ့တာကြောင့် အဲ့ဒါက မတော်တဆတစ်ခုပဲဖြစ်လိမ့်မယ်လို့ ဒါရိုက်တာချန်က ယုံကြည်လို့နေတယ်။

ဒါပေမဲ့ သူမတို့နှစ်ယောက်လုံး တွေ့လိုက်တယ်။ မိတ်ကပ်ဆရာမပြုတ်ကျလာတဲ့အချိန်မှာ လူတစ်ယောက်ရဲ့ပုံရိပ်က ထိုထပ်ခိုးခန်းပေါ်ကနေ ဖြတ်ခနဲပြေးထွက်လို့သွားတယ်။

အဲ့ဒါကလျှပ်တပြက်လေးပဲဆိုပေမဲ့ ထိုလူရဲ့မျက်နှာပေါ်မှာ မျက်နှာဖုံးတစ်ခု ရှိနေခဲ့တယ်ဆိုတာကို သူမတို့နှစ်ယောက် သေသေချာချာ မြင်လိုက်ကြရတယ်– ယုန်မျက်နှာဖုံး။

"ကျန်တဲ့လူတွေကိုမေးပြီးပြီ" ချန်ရွှမ်းဟယ်က ဘေးပတ်ပတ်လည်ကို စေ့စေ့စပ်စပ်ဝေ့ကြည့်ရင်း ပြောလာတယ်။ "ငါတို့နှစ်‌ယောက်ကလွဲရင် ကျန်တဲ့လူတွေအားလုံး ဘာမှမမြင်လိုက်ကြဘူးတဲ့"

သူမတို့နှစ်‌ယောက်ပဲမြင်ရတဲ့ လူ...

ထိုလူကဘယ်လိုလူလဲဆိုတာ သေချာသလောက်ရှိနေပြီဖြစ်တယ်။

"မျက်နှာဖုံးနဲ့လူ..." နင်နင်ရေရွတ်လိုက်တယ်။

ရိုက်ကူးရေးအဖွဲ့သားတစ်ဦးက နင်နင့်အနားကိုလျှောက်လာပြီး သူမကိုပြောလာတယ်။ "နင်ကျဲ၊ အပြင်မှာအစ်မကို တစ်ယောက်ယောက်စောင့်နေတယ်၊ သူပြောတာ သူ့နာမည်ဝမ်ယွီတဲ့"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now