အခန်း ၅၆: အယောင်ဆောင်ချစ်သူကောင်မလေး

3.3K 596 38
                                    

{Unicode}

အခန်း ၅၆: အယောင်ဆောင်ချစ်သူကောင်မလေး

အဲ့ဒီအချိန်မှာဖုန်းသံထမြည်လာတယ်။

အဲ့ဒါကဝမ်ယွီရဲ့ဖုန်းကနေလာတာဖြစ်တယ်။

"ဟယ်လို" သူဖုန်းကိုင်လိုက်တယ်။ တစ်ဖက်ကပြောလာတာကိုကြားပြီးတဲ့နောက်မှာ သူလန့်သွားပုံပေါ်တယ်။ "ဘာပြောလိုက်တာ?"

အဲ့ဒါပြီးတော့ သူကုတ်အင်္ကျီနဲ့စာအုပ်ကိုတောင်မယူဘဲ စားသောက်ဆိုင်ထဲကနေအလောတကြီးပြေးထွက်သွားတော့တယ်။

နင်နင်သူချန်သွားတဲ့အရာတွေကိုကောက်ယူကာ သူ့အနောက်ကနေပြေးလိုက်သွားတယ်။

"ကျွန်တော်အခုရောက်မယ်" ဝမ်ယွီကားတံခါးဖွင့်လိုက်တယ်။

အဲ့ဒီအချိန်မှာတစ်ဖက်ကကားတံခါးလည်းပွင့်လာကာ နင်နင်အထဲမှာဝင်ထိုင်လိုက်တယ်။

ဝမ်ယွီနင်နင့်ကိုကြည့်လိုက်တယ်။ နင်နင်လည်းဝမ်ယွီကိုပြန်ကြည့်လိုက်တယ်။

"ကျွန်မဒါတွေယူခဲ့ပေးတယ်" သူမကုတ်အင်္ကျီနဲ့ပန်းချီစာအုပ်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားတယ်။ သူမအဲ့ဒါတွေသူ့ကိုပြန်ပေးဖို့စိတ်ကူးမရှိသေးပါချေ။ ဘာဖြစ်လို့လဲဆိုတော့သူ့အနားမှာရှိနေဖို့ ဒါတွေကတစ်ခုတည်းသောအကြောင်းပြချက်ဖြစ်နေလို့ဖြစ်တယ်။ "...စကားမစပ်... စကားမစပ် ကျွန်မရှင့်ကိုအဖော်လိုက်ပေးလို့ရတယ်၊ ရှင့်အခြေအနေကသိပ်အဆင်မပြေနေဘူး"

ဝမ်ယွီသူမကိုလေးနက်စွာကြည့်နေပြီးမှ ခေါင်းပြန်လှည့်ကာရိုးရိုးရှင်းရှင်းပြောလိုက်တယ်။ "ခါးပတ်ပတ်ထား"

နင်နင်စိတ်သက်သာရာရစွာနဲ့သက်ပြင်းချကာ ထိုင်ခုံခါးပတ်ပတ်လိုက်တယ်။

...သူဘာဖြစ်လို့အဲ့လိုမျိုးပြောခဲ့လဲဆိုတာကို ခဏလေးအတွင်းမှာပဲ သူမသဘောပေါက်သွားရတယ်...

ဝမ်ယွီကကားကို အသက်အန္တရာယ်ရှိစေနိုင်လောက်တဲ့အရှိန်နဲ့မောင်းလို့နေတယ်။ ကားကဆေးရုံအရှေ့ရပ်သွားတဲ့အချိန်မှာ နင်နင်ကားထဲကနေတွားသွားတော့မတတ်ထွက်လာရတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now