အခန်း ၁၀၉: ဆွဲဆောင်မှုပြင်းတဲ့ပန်းချီအလုပ်ခန်း

2.7K 460 65
                                    

{Unicode}

အခန်း ၁၀၉: ဆွဲဆောင်မှုပြင်းတဲ့ပန်းချီအလုပ်ခန်း

"ကျွန်တော်ဒီဇာတ်ညွှန်းကိုယူမယ်" ချန်ရွှမ်းဟယ်ဇာတ်ညွှန်းစာရွက်အပေါ် လက်တင်လာတယ်။

ဒါရိုက်တာချန်ကမဂ္ဂဇင်းတစ်ခုကိုလက်ထဲကိုင်ရင်း သူ့နဲ့မျက်နှာချင်းဆိုင်မှာထိုင်လို့နေတယ်။ "မင်းဘယ်ဇာတ်ကောင်မှာသရုပ်ဆောင်ချင်တာလဲ? အစ်ကိုလား ညီလား?"

<အစ်ကို့ရဲ့ချစ်သူ> ထဲမှာ အစ်ကိုဖြစ်သူက နာမည်ကြီးပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ငွေကိုရေလိုသုံးနိုင်တဲ့သူဖြစ်တယ်။ သူကနူးညံ့ပြီး စိတ်ကူးယဉ်လည်းဆန်တတ်တယ်။ တစ်ဖက်မှာညီဖြစ်သူကတော့ တက္ကသိုလ်တစ်ခုမှာ တရုတ်စာပေကိုလေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ သူကစာရေးစာဖတ်ရတာကို သဘောကျပြီး အမြဲတမ်းတိတ်ဆိတ် အုံ့မှိုင်းနေလေ့ရှိတယ်။

"ကျွန်တော့်အတွက်တော့ သက်သက်စီသရုပ်ဆောင်ရင် သူတို့နှစ်ယောက်လုံးသိပ်မခက်လောက်ပါဘူး" ချန်ရွှမ်းဟယ်ရယ်လာတယ်။ "နှစ်ယောက်လုံးကို တစ်ပြိုင်တည်းသရုပ်ဆောင်ရင်ရော?"

ဒါရိုက်တာချန်က သူ့ဘေးကလူကိုကြည့်လိုက်တယ်။ "မင်းဘယ်လိုထင်လဲ?"

သူ့ဘေးမှာတိတ်တဆိတ်ထိုင်နေတဲ့လူက– လီရှန့်ကျူ၊ ပြည်တွင်းအဆင့်တစ် ဇာတ်ညွှန်းရေးဆရာဖြစ်တယ်။ <အစ်ကို့ရဲ့ချစ်သူ> ကလည်း သူ့ရဲ့လက်ရာဖြစ်တယ်။

သူကစကားနည်းတဲ့လူအဖြစ် လူသိများတယ်။ သူ့ကိုယ်သူစာလုံးသုံးလုံးနဲ့ဖော်ပြပါဆိုရင် ဘယ်တော့မှလေးလုံးမြောက်ကို သုံးမယ့်လူမဟုတ်ချေ။ သူကမျက်မှန်ကိုင်းကိုပင့်တင်ပြီး ချန်ရွှမ်းဟယ်ကိုပြောလာတယ်။ "ပြကြည့်မလား?"

"ဘယ်အခန်းလဲ?" ချန်ရွှမ်းဟယ်က ယုံကြည်ချက်ရှိစွာနဲ့ပြုံးရင်း တစ်ဖက်လူရွေးလို့ရအောင်အတွက် ဇာတ်ညွှန်းကိုကမ်းပေးလိုက်တယ်။

"ခဏ" ရုတ်တရက်ဒါရိုက်တာချန်က သူ့ဖုန်းကိုကောက်ကိုင်လိုက်တယ်။ "လူရွေးပွဲလုပ်မယ်ဆိုတော့ ခေါင်းဆောင်မင်းသမီးကိုပါ တစ်ခါတည်းခေါ်လိုက်ရအောင်"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now