အခန်း ၃၈: မဂဏန်းလက်မှတ်

3.8K 634 117
                                    

{Unicode}

အခန်း ၃၈: မဂဏန်းလက်မှတ်

နင်နင်ရုပ်ရှင်ရုံအဝမှာအကြာကြီးရပ်နေမိပြီးမှ ပိုစတာအနားကိုဖြည်းဖြည်းချင်းလျှောက်သွားလိုက်တယ်။

အရိပ်တစ်ခုကသူမကိုလွှမ်းခြုံလာတယ်။ နင်နင်မော့ကြည့်လိုက်တော့ သူမအရှေ့မှာရပ်နေတဲ့တံခါးစောင့်ကိုတွေ့ရတယ်။

သူကစကားတစ်ခွန်းမှမပြောပေမဲ့ စကားအများကြီးပြောတဲ့လူထက်တောင် သူမကိုမွန်းကျပ်အောင်လုပ်နေတယ်။ သူ့ခန္ဓာကိုယ်ကနေထုတ်လွှင့်နေတဲ့ ပြင်းထန်တဲ့အငွေ့အသက်ကိုမခံစားနိုင်တာကြောင့် နင်နင်ခြေနှစ်လှမ်းဆုတ်လိုက်တယ်။

ဒါပေမဲ့ခဏနေတော့ သူမအရှေ့ကိုပြန်လျှောက်လာပြီး သူ့ကိုခိုင်ခိုင်မာမာပြောလိုက်တယ်။ "ကျွန်မကိုပေးဝင်!"

"မင်းမှာလက်မှတ်မရှိဘူး" သူကအေးစက်စွာပြောလာတယ်။

"ဟင့်အင်း!" နင်နင်သူမပိုက်ဆံအိတ်ထဲကလက်မှတ်သုံးခုကို ဖြစ်သလိုနှိုက်ထုတ်ပြီး အဲ့ဒါတွေကို သူ့မျက်နှာရှေ့မြှောက်ပြလိုက်တယ်။ "ရှိတယ်!"

သူမလက်ထဲကလက်မှတ်တွေကိုတွေ့လိုက်ရတာနဲ့ တံခါးစောင့်ရဲ့အမူအရာက ကြောက်ဖို့ကောင်းစွာပြောင်းလဲသွားတယ်။

လေတစ်စက်မှတိုက်မနေပေမဲ့ လက်မှတ်တွေကလှုပ်ယမ်းလို့နေတယ်။ အဲ့ဒါကလေကြောင့်မဟုတ်ဘဲ လက်မှတ်တွေကိုကိုင်ထားတဲ့လက်တွေကြောင့်ဖြစ်တယ်။ သူမရဲ့နှလုံးသားကသေမလိုခုန်ပေါက်နေပေမဲ့ နင်နင်အသံကိုအတင်းညှစ်ထုတ်ပြီး သူ့ကိုပြောလိုက်တယ်။ "ပေးဝင်!"

တံခါးစောင့်ကသူ့ရဲ့အကြည့်တွေကို သူမမျက်နှာပေါ်ကိုလွှဲပြောင်းလိုက်တယ်။ သူကအသိသာကြီးဒေါသထွက်နေတယ်။ "အချိန်မကျသေးဘူး!"

အခုမှ၈နာရီပဲရှိသေးတယ်။ သန်းခေါင်မ‌ရောက်ခင်လေးနာရီတောင်လိုသေးတာပဲ။

အချိန်ဘယ်လိုဖြုန်းရမလဲ?

တံခါးစောင့်ကသူ့ရင်ထဲကဒေါသကိုကြိုးစားပြီးဖိနှိပ်နေရသလိုမျိုး လက်သီးတင်းတင်းဆုပ်ထားတယ်။ သူကမျက်နှာချင်းဆိုင်ကစားသောက်ဆိုင်တစ်ခုကို မေးငေါ့ပြပြီးပြောလာတယ်။ "ညစာသွားစား၊ စားပြီးရင်အိမ်ပြန်... ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်နဲ့ရုပ်ရှင်သွားကြည့်၊ ကာရာအိုကေသွားဆို? အခြားလုပ်စရာတွေရှိတယ်မလား၊ ဒီအရှေ့မှာပဲလတ်လျားလတ်လျားလာမလုပ်နေနဲ့!"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now