အခန်း ၁၃၁: စုံတွဲအက

2.4K 490 28
                                    

{Unicode}

အခန်း ၁၃၁: စုံတွဲအက

"..." နင်နင်မျက်တောင်ခတ်လိုက်တယ်။ သူမစကားတစ်ခွန်းမှမဟဘဲ ဖြည်းဖြည်းချင်းလက်မြှောက်ကာ အရှေ့ကလူကိုပွေ့ဖက်လိုက်တယ်။

သူမတို့နှစ်ယောက်က အမှောင်ထဲမှာ အချိန်အတော်ကြာတဲ့အထိ ပွေ့ဖက်လို့နေတယ်။

"နမ်းလို့ရောရလားဟင်၊ နင်နင်?"

"...အခြေအနေကိုအခွင့်ကောင်းမယူနဲ့!"

အေးစက်စက်ရယ်သံက သူတို့နဲ့သိပ်မဝေးတဲ့နေရာကနေ ထွက်ပေါ်လာတယ်။ ချန်ရွှမ်းဟယ်ကကြမ်းပြင်ပေါ်မှာထိုင်ရင်း သူတို့ကိုကြည့်လို့နေတယ်။ "ဘယ်ကနင်နင်လဲ? အဲ့ဒါကကျောက်ယွိဖန်းမဟုတ်လား?"

<ဂျူးလိယက်မရှိတော့တဲ့နောက်> ရဲ့ ခေါင်းဆောင်မင်းသမီး၊ ကျောက်ယွိဖန်း– ခုနလေးကတင် ချူယန့်နဲ့ရယ်မောပြီး စကားစမြည်ပြောနေတဲ့ ကျောက်ယွိဖန်း။

"ကျွန်မပါ" ထိုမိန်းကလေးက သူ့ကိုကြည့်ပြီး ပြောလာတယ်။ "ရှင်နဲ့တူတူ ရှင့်အမေရဲ့အုတ်ဂူဆီသွားခဲ့တဲ့သူ၊ ရှင့်ရဲ့ကုတ်အင်္ကျီအတွက် ကျေးဇူးပဲ၊ ဒီကနေထွက်မှ ပြန်ပေးတော့မယ်"

ချန်ရွှမ်းဟယ်အချိန်တစ်ခုအထိ ကြက်သေသေနေမိတယ်။ ခဏလောက်နေမှ သူ သူ့ကိုယ်သူလှောင်သလိုရယ်ပြီး ခေါင်းငုံ့လိုက်တယ်။ "ဘာတွေလာပြောနေတာလဲ? ငါ့အမေကအသက်ရှင်နေသေးတယ်"

"ကျွန်မပြောနေတာ အခုအချိန်ကိုမဟုတ်ဘူး၊ အနာဂတ်ကိုပြောနေတာ" အနီရောင်ဒေါက်ဖိနပ်တစ်စုံက သူ့အရှေ့မှာရပ်တန့်လာပြီး လက်ဖဝါးတစ်စုံက သူ့ရဲ့မျက်နှာကိုပင့်တင်လာခဲ့တယ်။ အမှောင်ထုထဲမှာ ရင်းနှီးနေတဲ့မျက်ဝန်းတစ်စုံက သူ့ကိုစိုက်ကြည့်လို့နေတယ်။ "ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်တယ်၊ အသက်သုံးဆယ်မတိုင်ခင် ရုပ်ရှင်ဧကရာဇ်ဖြစ်လာတယ်၊ လူတိုင်းသဘောကျတာကိုခံရတယ်၊ ဘယ်ပဲသွားသွား လူတွေအသိအမှတ်ပြုပေးကြတယ်... အဲ့ဒါတွေအားလုံးက ရှင့်ရဲ့အနာဂတ်ပဲ၊ အဲ့ဒါတွေအားလုံးက ရှင်နဲ့ပတ်သက်တဲ့ ကျွန်မရဲ့မှတ်ဉာဏ်တွေပဲ"

ချန်ရွှမ်းဟယ်သူမကိုငေးကြည့်နေမိတယ်။ မီးတွေမဖွင့်ထားတာ တော်သေးတယ်။ မဟုတ်ရင် ဆိုးဆိုးရွားရွားမျက်ရည်တွေကျနေတဲ့ သူ့ရဲ့မျက်နှာကို သူမမြင်သွားလိမ့်မယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now