{Unicode}
အခန်း ၉၆: သရုပ်ဆောင်ပါရမီရှင်
ဒီနေ့က ကိုယ့်ရဲ့မိသားစုဝင်တွေကို အလုပ်ခေါ်လာရတဲ့နေ့ဖြစ်တယ်။
နင်ယွိရန်စိတ်သိပ်မအေးနေပေ။
"ဒီနေ့နင်နင်ရိုက်ကွင်းကိုလာမှာဟုတ်?" နင်ယွိရန်ရဲ့လက်ထောက်က သူမရဲ့ပုခုံးကိုနှိပ်ပေးရင်းနဲ့ ရယ်လာတယ်။ "ဟုတ်သားပဲ၊ နင်နင်နေပြန်ကောင်းသွားပြီလား?"
သူမရဲ့လက်ထောက်ပြောတဲ့စကားရဲ့ ပထမပိုင်းကိုကြားပြီး နင်ယွိရန်ပြုံးလိုက်ပေမဲ့ နောက်တစ်ဝက်ကိုဆက်နားထောင်ပြီးတဲ့အချိန်မှာ သူမလေးလေးပင်ပင်သက်ပြင်းချလိုက်မိတယ်။
"ဟင့်အင်း မကောင်းသေးဘူး" သူမပြန်ဖြေလိုက်တယ်။ "အစကနင်နင်နဲ့ အမေနဲ့သမီးစုံတွဲသရုပ်ဆောင်ချင်တာ၊ ဒါပေမဲ့သူအခုတစ်ခေါက်ဖျားတာ တော်တော်ဆိုးဆိုးရွားရွားပဲ၊ ဟင်း... အစကရှောင်ယွိကို နင်နင့်နေရာမှာ ရက်နည်းနည်းလောက်ပဲ အစားထိုးသရုပ်ဆောင်ခိုင်းဖို့လုပ်ထားတာ၊ အခုကြည့်ရသလောက်တော့ သူ့ကိုအမြဲအစားထိုးလိုက်ရတော့မယ်ထင်တယ်... အယ်? ဘယ်တုန်းကရောက်တာလဲ?"
တံခါးအပြင်ဘက်မှာ ခပ်ဝဝအမျိုးသမီးတစ်ယောက်ရပ်နေတာကို နင်ယွိရန်မျက်လုံးထောင့်ကနေတွေ့လိုက်တယ်။ အဲ့ဒါကရွှီရုန်ဖြစ်တယ်။
"အခုလေးတင်ရောက်တာပါ" ရွှီရုန်ကပါးစပ်နားရွက်ချိတ်မတတ်ပြုံးရင်း အိပ်ပျော်နေတဲ့နင်နင်ကိုချီကာ အခန်းထဲလျှောက်ဝင်လာတယ်။
နင်နင့်ကိုကြည့်ပြီး နင်ယွိရန်ရဲ့နှလုံးသားနာကျင်ရပေမဲ့ သူမရဲ့သမီးအရှေ့မှာ သူမ,ပျော့ညံ့ပြလို့မရပေ။ သူမမတ်တတ်ထရပ်ပြီး နင်နင့်ရဲ့ပါးကိုညှစ်လိုက်တယ်။ "ငပျင်းလေး ထတော့"
"...မေမေ" နင်နင့်ရဲ့မျက်လုံးတွေပွင့်လာတယ်။
နင်ယွိရန်ပြုံးပြီးတော့ နင်နင့်ကိုပွေ့ချီလိုက်တယ်။
ရွှီရုန်ကလက်ကိုပွတ်ရင်း ရှက်ရှက်နဲ့ပြောလာတယ်။ "ကျွန်မဒီကိုသိပ်လည်းမလာဖြစ်တော့ လာတုန်းလေးရှောင်ယွိကို ကြည့်သွားမလားလို့လေ၊ သူသရုပ်ဆောင်တာလည်း ကျွန်မတစ်ခါမှမတွေ့ဖူးတော့..."
YOU ARE READING
ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »
Mystery / ThrillerFan translation of 这个电影我穿过 [I've Transmigrated Into This Movie Before] Author 梦魇殿下 [Mèngyǎn diànxià (Her Highness, the nightmare)] Status in COO 174 Chapters (+ 2 Extra Chapters) ©️ Cover illustration is fully credited to Z...