အခန်း ၁၄၃: ကိုယ့်ကိုကြည့်

2.1K 403 11
                                    

{Unicode}

အခန်း ၁၄၃: ကိုယ့်ကိုကြည့်

"ဒါကညတုန်းကရိုက်မိထားတဲ့ဟာပါ" မဒမ်ချင်က ဗီဒီယိုကင်မရာတစ်လုံးကို စားပွဲပေါ်တင်ပြီး ဝမ်ယွီကို ဗီဒီယိုတစ်ခု ဖွင့်ပြလာတယ်။

ဗီဒီယိုထဲမှာ နှိုးစက်နာရီက မနက်၃နာရီကို ညွှန်ပြနေကာ လူနှစ်ယောက်က အိပ်ရာပေါ်မှာ အိပ်မောကျလို့နေတယ်။ ယောက်ျားဖြစ်သူရဲ့ဟောက်သံက ကျယ်လောင်စွာထွက်ပေါ်နေပြီး သူ့ဘေးမှာအိပ်နေတဲ့ မဒမ်ချင်ရဲ့ခန္ဓာကိုယ်က ရုတ်တရက် ပက်လက်လှန်ခံလိုက်ရတယ်။

မဒမ်ချင်ရဲ့ဘေးက အိပ်ရာခင်းပေါ်မှာ တစ်ယောက်ယောက် ထိုင်ချလာသလိုမျိုး ချိုင့်ဝင်သွားတာကို မျက်စိနဲ့ထင်ထင်ရှားရှားမြင်နေရတယ်။

"ဒေါက်တာဝမ်၊ မဟုတ်မှလွဲ..." မဒမ်ချင်က လက်နှစ်ဖက်ပိုက်ရင်း ဝမ်ယွီကိုမေးလာတယ်။ "...ကျွန်မရဲ့အမျိုးသားဟောင်း ပြန်လာတာလို့ ထင်လားဟင်?"

"ခင်ဗျားရဲ့အမျိုးသား?" ဝမ်ယွီသူမကိုကြည့်လိုက်တယ်။

"ကျွန်မရဲ့အမျိုးသားက လွန်ခဲ့တဲ့ငါးနှစ်လောက်က ဆုံးပါးသွားခဲ့တာပါ၊ မနေ့တုန်းက သူ့ရဲ့နှစ်ပတ်လည်နေ့လေ" မဒမ်ချင်က ကုလားထိုင်ပေါ်ကိုကျောမီချပြီး နောက်ကြောင်းပြန်တွေးတောနေတဲ့ အမူအရာနဲ့ ပြောလာခဲ့တယ်။ "သူကျွန်မထက် အသက်ငါးနှစ်ငယ်တယ်၊ သူကအသံတိုးတိုးလေးကြားရရင်တောင် ကြောက်လန့်တတ်လို့ မသိရင် ယုန်တစ်ကောင်လိုပဲ၊ အဲ့ဒါကြောင့်မလို့ သူရှိတုန်းက ကျွန်မကပဲ အိမ်ထောင်ဦးစီးတာဝန်ယူခဲ့ပြီး သူကတော့ အိမ်ထောင်ရှင်လုပ်ခဲ့တာ၊ ဆုံးဖြတ်ချက်ချရတဲ့ အချိန်တိုင်းမှာလည်း ကျွန်မကပဲဦးစီးဦးဆောင် လုပ်ခဲ့ရတာ"

သူမကသက်ပြင်းချပြီး ဆက်ပြောလာတယ်။ "သူဆုံးသွားပြီးနောက်ပိုင်း ကျွန်မအခြားယောက်ျားတွေ လိုက်မရှာခဲ့ပါဘူး၊ ကျွန်မရဲ့အထက်စီးဆန်တဲ့ အကျင့်စရိုက်ကို အခြားဘယ်ယောက်ျားမှ ခံနိုင်ရည်မရှိကြဘူးလေ"

ဝမ်ယွီကသူမပြောတာကို တိတ်တဆိတ်သာ နားထောင်လို့နေတယ်။ စိတ်ရောဂါကုဆေးခန်းကို လာတဲ့လူတိုင်းက လူနာတွေမဟုတ်ကြပေ။ အချိန်အများစုမှာ သူတို့က ဧည့်သည်တွေပင်။ ဧည့်သည်တွေက ရောဂါတစ်ခုခုကို ကုသချင်လို့ လာကြတာမဟုတ်ဘဲ သူတို့စိတ်ထဲက လျှို့ဝှက်ချက်မှန်သမျှကို ဖွင့်ချပစ်ချင်လို့ လာကြတာချည်းဖြစ်တယ်။ စိတ်ရောဂါကုဆရာဝန်ဆိုတာက သူတို့ပြောတာမှန်သမျှကို မပေါက်ကြားစေနိုင်တဲ့ သစ်သားတိုင်ကြီးတွေလိုပင်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now