အခန်း ၈၄: နာရေး

2.5K 476 29
                                    

{Unicode}

အခန်း ၈၄: နာရေး

အချိန်တွေကုန်လွန်လာတာနဲ့အမျှ ကောလဟာလတွေကလည်း ပိုပိုပြီးပျံ့နှံ့လာခဲ့တယ်။

ပိုက်ဆံရဲ့လွှမ်းမိုးမှုအောက်မှာ– အိုး မဟုတ်သေးဘူး။ သတင်းစာတိုက်တွေရဲ့ မီးလောင်ရာလေပင့်ပေးမှုအောက်မှာ မုန့်ဆီကြော်ရောင်းတဲ့အဘိုးတောင် သခင်ကြီးလျန်က သူ့ရဲ့ပျောက်ကွယ်နေတဲ့မြေးမလေးကို ပြန်ရှာတွေ့သွားပြီဆိုတဲ့သတင်းကို သိထားနှင့်ပြီးပြီဖြစ်တယ်။

ဒီကောလဟာလတစ်ခုလုံးရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ နင်နင်ကတော့ သူမရဲ့နှစ်လတာလေ့ကျင့်ရေးကာလကို အောင်မြင်စွာနဲ့ အပြီးသတ်ပြီးသွားပြီဖြစ်တာကြောင့် လျန်မိသားစုဆီသွားဖို့ အချိန်ကျလာခဲ့တယ်။

"သခင်ကြီးလျန်ကလွဲရင် အခြားဘယ်သူမှမင်းကို ကြိုဆိုကြမှာမဟုတ်ဘူး" လျန်အိမ်တော်ကိုသွားနေတဲ့လမ်းမှာ ဖေရွှမ်ကနင်နင့်ကိုပြောလာတယ်။ "သခင်ကြီးလျန်မှာ ဇနီးဟောင်းတစ်ယောက်နဲ့ လက်ရှိဇနီးတစ်‌ယောက်ရှိတယ်၊ ပြီးတော့ သားသမီးတွေ မြေးတွေလည်းအပုံအပင်ပဲ၊ သူ့ရဲ့မိသားစုရေးရာတွေကို အခန်း၈၀စာဇာတ်လမ်းတွဲ ရှစ်ခုလောက်ထိပြန်ရိုက်လို့ရတယ်– မင်းအဲ့မိသားစုထဲရောက်သွားရင် အဲ့ဇာတ်လမ်းတွဲက အခန်း၁၀၀ကျော်‌လောက်ထိကိုဖြစ်သွားလိမ့်မယ်"

ကားကလျန်အိမ်တော်ပရဝုဏ်အရှေ့မှာရပ်တန့်သွားတယ်။ နင်နင်အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး ကားပေါ်ကဆင်းကာ စစ်မြေပြင်ထဲခြေချလိုက်တယ်။

ဖေရွှမ်ခုနကပြောခဲ့တဲ့စကားတွေက ချဲ့ကားပြောတာလို့ထင်ရပေမဲ့ တကယ်တော့အမှားတွေလည်းဟုတ်မနေချေ။

သူမအိမ်ထဲကိုဝင်လာတာနဲ့ ဧည့်ခန်းအကျယ်ကြီးထဲက စကားသံတွေတိတ်ကျသွားကာ လူတိုင်းကသူမကို တစ်ညီတစ်ညာတည်း လှည့်ကြည့်လာကြတယ်။

ယောက်ျားတွေ၊ မိန်းမတွေ၊ လူကြီးတွေ၊ ကလေးတွေ။ သူတို့အားလုံးက နင်နင့်ကို အကြာကြီးနေမှပြန်တွေ့တဲ့ ဆွေမျိုးတစ်ယောက်လိုမျိုး ကြည့်နေကြတာမဟုတ်ဘဲ ရန်သူတစ်ယောက်လိုမျိုး ကြည့်နေကြတာဖြစ်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now