အခန်း ၃၀: စွန့်ပစ်ခံကလေးငယ်

3.4K 623 24
                                    

{Unicode}

အခန်း ၃၀: စွန့်ပစ်ခံကလေးငယ်

ပုံမှန်အတိုင်းပဲ နင်နင်မနက်အစောကြီးနိုးထလာခဲ့တယ်။ ဒါပေမဲ့ဒီနေ့မှာတော့ သူမထက်ပိုစောစောနိုးနေတဲ့လူရှိနေတယ်။

ပြီးတော့အဲ့ဒါကတစ်ယောက်တည်းမဟုတ်ပေ။

"ရှင်တို့ဘာလုပ်နေကြတာလဲ?" ခြံဝန်းထဲမှာစုဝေးနေကြတဲ့လူအုပ်ကြီးကိုတွေ့လိုက်ရတော့ နင်နင်မေးလိုက်တယ်။

လူတွေကဘာမှမပြောဘဲ သူမကိုထူးဆန်းတဲ့အမူအရာတွေနဲ့စိုက်ကြည့်လာကြတယ်။

နင်နင်လည်းသူတို့ကိုခဏလောက်ပြန်ကြည့်နေပြီးမှ ခေါင်းကိုဖြည်းဖြည်းချင်းလှည့်လိုက်တယ်။ အဲ့ဒီအချိန်ကျတော့မှ သူတို့ကြည့်နေကြတာသူမကိုမဟုတ်ဘဲ သူမရဲ့အနောက်ကဝမ်ယွီကိုဆိုတာကို သဘောပေါက်သွားရတယ်။

ဝမ်ယွီကသူမဆီကိုပြေးလာပြီး ပွေ့ဖက်လာတယ်။ ပြီးတော့သူခေါင်းငုံ့ပြီး အ‌ရှေ့နားကမြေကြီးပေါ်မှာလှဲလျောင်းနေတဲ့မိန်းမလှလေးကိုကြည့်လိုက်တယ်။ သူမရဲ့မျက်နှာပေါ်မှာရှိနေတာက သွေးတွေဖြစ်တယ်။

ဆရာဝန်တွေ၊ ရဲတွေ၊ သတင်းထောက်တွေရောက်လာခဲ့ကြတယ်။ ဗရုတ်ကျတဲ့နေ့တစ်နေ့ကုန်ဆုံးသွားတယ်။ ဒါရိုက်တာက စားပွဲကိုထုပြီးပြောလာတယ်။ "ရက်နည်းနည်းလောက်နေရင် ရိုက်ကူးရေးစတော့မှာကို ဒီလိုကိစ္စမျိုးဖြစ်သွားရတယ်လို့!"

မိန်းမလှလေးသေသွားပြီဖြစ်တယ်။

ပြဇာတ်ရုံကအဲ့ဒီအမှုကြောင့် ချိတ်ပိတ်ခံထားရတယ်။ ပြဇာတ်ရုံထဲမှာနေနေခဲ့ကြတဲ့ အဖွဲ့သားတွေအကုန်လုံး အတင်းအကျပ်နေရာပြောင်းခဲ့ရတယ်။ ဘယ်အချိန်ကျမှပုံမှန်အခြေအနေပြန်ဖြစ်မလဲဆိုတာကို ဘယ်သူမှသေသေချာချာမသိကြပါချေ။

ချန်ကွမ်းချောင်လည်း မျက်ကွင်းတွေမည်းညိုနေတယ်။ သူနံရံပေါ်မှီပြီး ခေါင်းငုံ့ကာစီးကရက်ဖွာလိုက်တယ်။ ပြီးတော့ သူရုတ်တရက်ခေါင်းပြန်မော့လာတယ်။ "ဒီကိစ္စကလုံးဝကြီးမကောင်းတာတော့မဟုတ်ဘူး"

ဒါရိုက်တာကသူ့ကိုစိုက်ကြည့်လိုက်တယ်။ "မင်းဘာပြောချင်တာလဲ?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now