အခန်း ၂: အလဲအလှယ်နှစ်ခု

7.1K 932 27
                                    

{Unicode}

အခန်း ၂: အလဲအလှယ်နှစ်ခု

ဈာပနကို လူတွေအများကြီး လာကြတယ်။ နာမည်ကြီးသရုပ်ဆောင်တွေ၊ နာမည်ကြီးဒါရိုက်တာတွေကနေစပြီး နာမည်သိပ်မရှိတဲ့ စတားတွေနဲ့ သူတို့နောက်ကနေလိုက်နေတဲ့သတင်းထောက်တွေအထိကို တွေ့ရတယ်။ သိပ်တောင်မကြာဘူး၊ ဈာပနပွဲက လူမှုရေးပါတီပွဲအဖြစ် ပြောင်းသွားတော့တယ်။

"အဲ့ဒါကမထူးဆန်းဘူးလား? သူအသက်ရှင်နေတုန်းက အသိမိတ်ဆွေတွေ အများကြီးမရှိခဲ့ဘူး၊ အခုသူမရှိတော့‌တဲ့အချိန်ကျ အများကြီးပဲပေါ်လာကြတယ်" ရင်းနှီးနေတဲ့အသံက နင်နင်ရဲ့အနောက်ကနေ ထွက်ပေါ်လာတယ်။

လှည့်ကြည့်စရာမလိုဘဲ အသံပိုင်ရှင်ကို နင်နင်သိလိုက်တယ်။

ချန်ကွမ်းချောင် သူမနောက်ကနေ ခြေလှမ်းအနည်း‌လျှောက်သွားပြီး အဖြူရောင်ဂန္ဓမာပန်းတွေကို ခေါင်းတလားပေါ်တင်လာတယ်။

"မင်းကသူ့ရဲ့ဈာပနကို ပြပွဲဖြစ်အောင် လုပ်လိုက်တာပဲ" သူခါးပြန်မတ်ကာ နင်နင်ဘက်ကိုပြုံးရင်း ကြည့်လာတယ်။

နင်နင်ပါးစပ်ဟလိုက်ပေမဲ့ ‌ပြန်ချေပစရာစကားလုံး ထွက်မလာခဲ့ပေ။ သူပြောတာမှန်တာပဲ။ အသိမိတ်ဆွေရဲ့ဈာပနကို စိတ်ရင်းနဲ့ လာတက်‌ရောက်တဲ့သူတွေက ဆယ်လ်ဖီစတစ်ခ်တွေနဲ့ သတင်းထောက်တွေကိုပါ ခေါ်လာခဲ့မှာ မဟုတ်ဘူးလေ။

"အိုး ဟုတ်သားပဲ" ချန်ကွမ်းချောင်က ဆက်ပြောလာတယ်။ "ငါကောလဟာလတစ်ခု ကြားမိတယ်"

"ကောလဟာလ?" နင်နင်မေးလိုက်တယ်။

"မင်းကမင်းအမေရဲ့ ပိုင်ဆိုင်မှုတွေကို လေလံတင်ဖို့ လုပ်နေတယ်လို့ ငါကြားတယ်" သူကနင်နင့်ကို ပေါက်ထွက်မတတ် စိုက်ကြည့်လာတယ်။ "သူ့ရဲ့ဆုတွေ‌ရော၊ အတွင်းခံတွေရောတဲ့"

နင်နင်သူ့ကို မျက်လုံးပြူးကာ ပြန်ကြည့်လိုက်တယ်။ "ကျွန်မဘာကိစ္စ အဲ့လိုလုပ်ရမှာလဲ?"

"မင်းမလုပ်တာပဲ ကောင်းလိမ့်မယ်" ချန်ကွမ်းချောင်က တစ်ခုခုကို စဉ်းစားနေသလိုမျိုး ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလာတယ်။ "နောက်အပတ်ကျ လူ‌‌ရွေးပွဲကို မင်းလာခဲ့လို့ရတယ်၊ ဇာတ်လိုက်မင်းသမီး ဇာတ်ကောင်အတွက်က ဆုံးဖြတ်ပြီးသွားပြီဆိုပေမဲ့ ဇာတ်ပို့နေရာက မ‌‌ရွေးရသေးဘူး"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Onde histórias criam vida. Descubra agora