{Unicode}
အခန်း ၄၈: ပြုစားခံရခြင်း
လက်တစ်ဖက်ကဝမ်ယွီရဲ့အနောက်ကနေထွက်ပေါ်လာပြီး စာအုပ်ကိုဆွဲယူလိုက်တယ်။
ရှီကျုံးထန်ကဝမ်ယွီအနောက်မှာရပ်နေတယ်။ သူကဝမ်ယွီဆွဲထားတဲ့ပုံကိုကြည့်ပြီး ပြုံးပြလိုက်တယ်။ "ဒီပုံကိုအစ်ကိုအပြီးသတ်လို့ရလား? ဒီမမကအစ်ကို့ရဲ့ပန်းချီကားထဲကလူလေ"
ဝမ်ယွီကရှီကျုံးထန်ကိုခဏလောက်ကြည့်နေပြီးတော့ ခွေးခြေခုံကနေခုန်ဆင်းကာပြေးထွက်သွားတယ်။
နင်နင်သူ့ကိုတားတော့မယ့်အချိန်မှာပဲ ဝမ်ယွီကပြန်လှည့်လာကာ သူ့လက်ထဲကခဲတံကိုရှီကျုံးထန်လက်ထဲထည့်ပေးလာတယ်။
ရှီကျုံးထန်က ထပ်ပြီးလှည့်ပြေးသွားတဲ့ဝမ်ယွီကိုကြည့်ပြီးတော့ ပုခုံးတွန့်ကာနင်နင့်ကိုပြုံးပြလိုက်တယ်။ "အခုစိတ်ချလို့ရပြီ"
နင်နင်ကသူပြောကိုကြားပြီး အံ့ဩသွားတယ်။
"ကိုယ့်ညီလေးဆွဲတဲ့ပန်းချီတွေကို လူတွေသိပ်မကြိုက်ကြတာပုံမှန်ပါပဲ" ရှီကျုံးထန်ကစာရွက်တွေကိုလှန်လိုက်တယ်။ "သူ့ရဲ့ပထမဆုံးပန်းချီဆရာမကတောင် သူ့ဆွဲထားတာကိုကြည့်ပြီးလန့်သွားတာ၊ ဒီမှာကြည့်"
သူကစာအုပ်ကိုလှည့်ပြီး နင်နင့်ကိုပြလိုက်တယ်။
"ဒါကသူ့ရဲ့ပုံတူလေ" ရှီကျုံးထန်ကပြောလာတယ်။ "ပန်းချီဆရာမအရှေ့မှာထိုင်ပြီး မှန်ထဲကနေသူ့ကိုယ်သူကြည့်ရင်းဆွဲထားတဲ့ပုံ"
ပန်းချီထဲမှာကလူနှစ်ယောက်ရှိနေတာဖြစ်တယ်။
ဝမ်ယွီကပန်းချီကားအရှေ့မှာဘေးစောင်းရပ်နေပြီး သူ့ပုခုံးအပေါ်မှာလက်နှစ်ဖက်ရှိလို့နေတယ်။ အမည်းရောင်မြူခိုးတွေကထိုလက်နှစ်ဖက်ကနေလွင့်ပျံ့နေပြီး သူ့ရဲ့အနောက်မှာအမျိုးသမီးပုံရိပ်တစ်ခုကို ပုံဖော်လို့ထားတယ်။ ထိုအမျိုးသမီးရဲ့မျက်နှာကသိပ်ပြီးမသဲကွဲပါချေ။ သေချာတာတစ်ခုကတော့ ထိုအမျိုးသမီးကသွေးတွေထွက်ကာ သေခါနီးဆဲဆဲဖြစ်လို့နေတယ်။
"အဲ့ဒါဘယ်သူလဲလို့ ကိုယ်သူ့ကိုမေးဖူးတယ်" ရှီကျုံးထန်ကပြောတယ်။ "သူပြောတာအဲ့ဒါက အန်တီရှောင်နင်တဲ့... သူ့ကိုအရင်တုန်းကမွေးစားတဲ့သူ့ရဲ့အဒေါ်လေ"
BẠN ĐANG ĐỌC
ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »
Bí ẩn / Giật gânFan translation of 这个电影我穿过 [I've Transmigrated Into This Movie Before] Author 梦魇殿下 [Mèngyǎn diànxià (Her Highness, the nightmare)] Status in COO 174 Chapters (+ 2 Extra Chapters) ©️ Cover illustration is fully credited to Z...