အခန်း ၁၁၄: ဘော့စ်ရဲ့ချစ်သူ

2.4K 468 70
                                    

{Unicode}

အခန်း ၁၁၄: ဘော့စ်ရဲ့ချစ်သူ

ဧည့်ခန်းထဲကစားပွဲပေါ်မှာ လူသုံးယောက်စာ‌နေ့လည်စာကို တည်ခင်းလို့ထားတယ်။

ဧည့်ခန်းထဲမှာလူသုံးယောက်ရှိနေလို့ဖြစ်တယ်။

နင်နင်၊ ဖေရွှမ်၊ ပြီးတော့ ကတုံးဆံတောက်နဲ့လူ။

ညတုန်းကသူမကိုလည်ပင်းညှစ်ခဲ့တဲ့လူကို ဖေရွှမ်လို့ နင်နင်အစကထင်ခဲ့ပေမဲ့ ကတုံးဆံတောက်နဲ့လူကို တွေ့လိုက်ရတဲ့အချိန်မှာ သူမထင်ထားတာမှားနေကြောင်း သိလိုက်ရတယ်။ ကတုံးဆံတောက်နဲ့လူ သူမကိုကြည့်နေတဲ့အကြည့်က မသိရင်သူမကပဲ သူ့အဖေကိုသတ်ထားသလိုမျိုးပင်။

သူကသူမကို ပေါက်ထွက်မတတ်စိုက်ကြည့်ရင်း ကြက်ပေါင်ကိုဆွဲကိုက်ပြီး မေးလာတယ်။ "ကျွန်တော်သူ့ကို ဘယ်တော့မှသတ်လို့ရမှာလဲ?"

နင်နင်အရေးပေါ်ခံစားချက်တစ်ခုကို ခံစားလိုက်ရတယ်။

"အဲ့လိုဟာသတွေနဲ့ သူ့ကိုဖြဲခြောက်နေတာကိုရပ်စမ်းပါ" ဖေရွှမ်က ပဲနို့တစ်ခွက်ကိုပိုက်တပ်ပြီး နင်နင့်အရှေ့မှာချပေးလာတယ်။ "ရှောင်အိုက်၊ ကိုယ်မင်းကိုမေးစရာရှိတယ်"

"ဟမ်?"

"ကိုယ်မင်းဆီမှာအပ်သွားတဲ့ပိုက်ဆံတွေ... ဘယ်လောက်သုံးလိုက်ပြီလဲ?"

"..."

အဲ့ဒီအချိန်နင်နင့်ရဲ့စိတ်ထဲမှာ ကျန်းရှင်းအိုက်ကိုရိုက်သတ်ချင်စိတ်တွေ ထိန်းမနိုင်သိမ်းမရထွက်ပေါ်လာခဲ့တယ်။ ကျယ်မေ့ရေ၊ နည်းနည်းပါးပါးခေါင်းသုံးပြီး လုပ်လို့ကိုင်လို့မရဘူးလား? ဒီလောက်ကျယ်တဲ့လောကကြီးမှာ လူတွေအများကြီးရှင်သန်နေကြတာ။ အဲ့ဒီလောက်လူတွေအများကြီးထဲကမှ ရှုပ်စရာရှားလို့ ဖေရွှမ်နဲ့သွားရှုပ်ခဲ့ရလား?

"ဖေကောမေးမနေနဲ့တော့" ကတုံးဆံ‌တောက်နဲ့လူက အေးစက်စက်ရယ်လာတယ်။ "ကျွန်တော်သူ့ဘဏ်အကောင့်ကို စစ်ကြည့်ပြီးသွားပြီ၊ တစ်ပြားမှမရှိတော့ဘူး"

...ဖေရွှမ်နဲ့ရှုပ်တာကရှုပ်တာပေါ့၊ ဘာဖြစ်လို့သူ့ပိုက်ဆံတွေကိုပါ သွားထိရတာလဲ? တစ်ပြားမှမကျန်အောင်ကို သုံးပစ်လိုက်ရတယ်လို့!!

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now