အခန်း ၁၆၈: သူရဲ‌ကောင်း

1.8K 359 7
                                    

{Unicode}

အခန်း ၁၆၈: သူရဲ‌ကောင်း

နောက်ဆုံးဇာတ်ဝင်ခန်းတစ်ခန်းသာ ကျန်ရှိတော့တယ်။

ဒါပေမဲ့ ဒါရိုက်တာချန်က မူးလဲသွားတယ်။

သူ့ရဲ့ဒုန်းခနဲလဲကျမှုက လူတိုင်းကိုလန့်ဖြန့်သွားစေပြီး စဉ်းစားဉာဏ်မရှိတဲ့ တစ်စုံတစ်ယောက်က နားကွဲမတတ် အော်ဟစ်လာခဲ့တယ်။ "အဲ့ဒါထပ်ဖြစ်နေပြန်ပြီ!"

ထိုအော်ဟစ်သံက နဂိုကတည်းက အရိပ်အခြေတကြည့်ကြည့်ဖြစ်နေတဲ့ ရိုက်ကူးရေးအဖွဲ့တစ်ခုလုံးကို ငှက်အုပ်တစ်အုပ်လိုမျိုး ရုန်းရင်းဆန်ခတ်ဖြစ်သွားစေတယ်။

နင်နင်တောင် အနည်းငယ်လန့်သွားရတယ်။ ယုန်မျက်နှာဖုံး ရောက်လာပြန်တာလား?

လူတွေကြားထဲကနေတိုးဝှေ့ရင်း ပြေးလာအပြီးမှာ သူမရုတ်တရက် အသိစိတ်ပြန်ဝင်လာခဲ့တယ်။ သူမကဘာကနေ ထွက်ပြေးနေတာလဲ? ကျန်တဲ့လူတွေမမြင်ရပေမဲ့ သူမကမြင်ရတာပဲ။ ဘယ်ယုန်မျက်နှာဖုံးမှလည်း မမြင်မိပါဘူး။ ဒါဆိုရင်အဲ့ဒါက ဒီတိုင်း ဒါရိုက်တာချန် ရောဂါထဖောက်တာပဲ‌ပေါ့... အယ်?

"ဒါရိုက်တာချန်! သတိကပ်ထားပါဦး၊ ဒါရိုက်တာချန်!"

နင်နင်ရိုက်ကွင်းထဲ ပြန်ပြေးသွားရတော့တယ်။ သူမ သူ့ရဲ့မျက်နှာကိုပုတ်ကာ သူ့အိတ်ကပ်ထဲမှာထည့်ထားတဲ့ ဆေးပုလင်းထဲက ဆေးလုံးတွေကို သူ့ပါးစပ်ထဲထည့်ပေးလိုက်တယ်။

သိပ်မကြာခင်မှာ လူနာတင်ယာဉ် ရောက်ရှိလာပြီး သူ့ကိုဆေးရုံဆီ ခေါ်ဆောင်သွားပေးတယ်။

အရေးပေါ်ခန်းရဲ့တံခါးတွေ ပိတ်ကျသွားကာ အချိန်အတော်ကြာတဲ့အထိ ပြန်မပွင့်လာပေ။ တံခါးပြန်ပွင့်လာပြီးရင်တောင် ဒါရိုက်တာချန်က ချက်ချင်းခုတင်ပေါ်ကနေထပြီး ရိုက်ကူးရေးကို ဆက်နိုင်မှာမဟုတ်ပေ။ ဒီနေ့ရိုက်ကူးရေးက ဒီလောက်နဲ့ပြီးပြီဖြစ်တယ်။ သူမဘယ်ကိုသွားရမလဲ?

နင်နင်အချိန်တစ်ခုအထိ အရေးပေါ်ခန်းဝမှာ ရပ်နေမိတယ်။ ထိုအချိန်ခဏလေးအတွင်းမှာ သတင်းထောက်တွေတပုံတပင်က ဆေးရုံကိုရောက်လာပြီး စိတ်ရှုပ်စရာ မေးခွန်းပေါင်းစုံကို မေးလာကြတယ်။ သူမဒီမှာရပ်နေလည်း ဘာမှအသုံးမဝင်တာကြောင့် နင်နင်နှာခေါင်းစည်းတပ်ပြီး တိတ်တဆိတ် ထွက်လာခဲ့တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now