အခန်း ၄: သမ္မတနိုင်ငံခေတ်ကမိန်းမလှလေး

6.4K 807 44
                                    

{Unicode}

အခန်း ၄: သမ္မတနိုင်ငံခေတ်ကမိန်းမလှလေး

၁၉၁၅ ခုနှစ်၊ နေ့ခင်း။

အနီရောင်စီရင်စုထဲက မိုးမခလမ်းသွယ်ဟာတိတ်ဆိတ် ငြိမ်သက်လို့နေတယ်။ အိပ်စက်‌ခြင်းပန်းအိမ်တော်ရဲ့ တံခါးမကြီးကပွင့်ဟလို့နေပေမဲ့ ဧည့်သည်တွေကို ကြိုဆိုဖို့တော့ မဟုတ်လေဘူး။ အပျော်မယ်ခေါင်းတစ်ယောက်က သမ်းဝေကာ အပြင်ကိုထွက်လာခဲ့တယ်။ သူကမနက်စာဆိုင်မှာ နှစ်ယောက်စာ ပဲနို့နွေးနွေးနဲ့ အီကြာကွေးကိုဝယ်ပြီး အဲ့ဒါတွေနဲ့အတူ ရေတစ်ဇလုံကိုပါ အပျော်မယ်လီရဲ့အခန်းကို ပို့ပေးလိုက်တယ်။

‌ရေနွေးနွေးနဲ့ပြည့်နေတဲ့ ကြေးဇလုံက စားပွဲပေါ်မှာ အငွေ့ပြန်လို့နေတယ်။ အမျိုးသမီးသုံးခေါင်းဖြီးဘီးက ရေဇလုံထဲ နှစ်မြှုပ်ခံရပြီးနောက် မှန်‌ရှေ့က သူ့ရဲ့နေရာမှာ ပြန်ထားခံလိုက်ရတယ်။

မှန်မျက်နှာပြင်ပေါ်မှာ မျက်နှာနှစ်ခု ရောင်ပြန်ဟပ်လို့နေတယ်။ ကုလားထိုင်ပေါ်မှာထိုင်နေတဲ့လူက သူဌေးချူဖြစ်ပြီး၊ ကုလားထိုင်ဘေးမှာရပ်ကာ သူ့ကိုပြုစုပေးနေသူက အပျော်မယ်လီဖြစ်တယ်။

အပျော်မယ်လီက သူဌေးချူရဲ့ နှုတ်ခမ်းမွေးနှစ်ဖက်နှစ်ချပ်ကို ဖြီးသင်ပြီးသွားတဲ့နောက် သပ်သပ်ရပ်ရပ် ပုံစံသွင်းပေးလိုက်တယ်။ သူဌေးချူကျေနပ်သွားကာ သူ့ရဲ့နှုတ်ခမ်းမွေးကိုကိုင်ရင်း ပြောလာတယ်၊ "မဆိုးဘူးပဲ၊ ဒီလောက်ဆိုရင် နင်အာ ငါ့ကို မှတ်မိလောက်ပြီ"

အပျော်မယ်လီက ရယ်လာတယ်။ "ရှင်ပြောတာကလည်း၊ မသိရင်နင်အာက ရှင့်နှုတ်ခမ်းမွေးကိုပဲ မှတ်မိမယ့်အတိုင်းပဲ"

"ငါအိမ်ကနေ ထွက်သွားတာ နှစ်နှစ်တောင်ရှိပြီ၊ နင်အာငါ့နှုတ်ခမ်း‌မွေးကိုပဲ မှတ်မိရင်တောင် တော်ပါပြီ" သူ့ကိုသူစိမ်းတစ်ယောက်လိုမျိုး ကြည့်လာတဲ့ သူရဲ့သမီးပုံစံကို ပြန်တွေးမိတော့ သူဌေးချူ သက်ပြင်းချလိုက်တယ်။ ပြီးတော့ သူခေါင်းလှည့်ကာ အပျော်မယ်လီကို မေးလိုက်တယ်၊ "ငါမင်းကိုဝယ်ခိုင်းလိုက်တာတွေရော? ရလာပြီလား?"

"ဒီမှာပါရှင်" အပျော်မယ်လီက အံဆွဲကိုဆွဲဖွင့်ကာ ပစ္စည်းတစ်ခုပြီးတစ်ခုကို ထုတ်ပြလာတယ်။ ငွေရောင်ပုလဲဆံထိုး၊ ပျိုနီအိမ်တော်ကပါးနီဘူး၊ ညီအစ်မနှစ်ဖော်တံဆိပ်‌ရေမွှေး... 

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now