«စတုတ္ထ/ဇာတ်သိမ်း» အခန်း ၆၉: စမ်းသပ်ချက်

3K 556 59
                                    

{Unicode}

«စတုတ္ထ/ဇာတ်သိမ်း» 

အခန်း ၆၉: စမ်းသပ်ချက်

"ဘယ်သူကရှင်နဲ့နတ်ဖတ်တဲ့စုံတွဲလဲ?" နင်နင်သူ့ကို လည်ပင်းညှစ်သတ်ချင်နေသလိုမျိုး သူ့ရဲ့နက်ခ်တိုင်ကို‌ဆောင့်ဆွဲလိုက်တယ်။ "ရှင်ကျွန်မကိုသတ်ဖို့ကြံစည်ခဲ့တာလေ!"

"ကိုယ်ကဘာဖြစ်လို့အဲ့လိုလုပ်ရမှာလဲ?" ဖေရွှမ်ကသူမကိုလှည့်စားဖို့အတွက် အံ့အားသင့်စွာနဲ့ပြောလာတယ်။ နင်နင်ရဲ့အေးစက်တဲ့အကြည့်အောက်မှာ သူအကြည့်လွှဲလိုက်တယ်။ "ဟုတ်ပါပြီ လီဖင်းဖင်းကငပိန်းပဲ"

"သူကတကယ်ကိုတုံးတယ်" နင်နင်အေးစက်စက်ပြောလိုက်တယ်။ "ကျွန်မကိုသူသတ်လို့ရအောင် ရှင်ကူညီခဲ့ပေးတာလို့ ရှင်ဘယ်တော့မှဝန်ခံမှာမဟုတ်ဘူးမလား! ရှင့်သော့ပျောက်သွားသလိုဟန်ဆောင်မယ်၊ အဲ့သော့ကိုသူကောက်ရသွားလို့ ဒီလိုတွေဖြစ်လာခဲ့တာလို့ပြောမယ်၊ ရှင်ကကျတော့ဘာမှမသိဘူးပေါ့၊ ရှင်ကအလုပ်ခရီးပါထွက်လိုက်သေးတယ်၊ ဘယ်လောက်တောင်ပြည့်စုံလိုက်တဲ့အစီအစဉ်လဲ!"

"နံရံအနောက်မှာလူရှိနေတယ်ဆိုတာကို သူ့လိုငပိန်းမျိုးကခန့်မှန်းနိုင်မှာမဟုတ်ဘူး" ဖေရွှမ်ပြောလာတယ်။ "မင်းသူ့ကိုပြောလိုက်တာလား? ပြီးတော့သူမင်းကိုနံရံထဲထည့်ထားတယ်လို့ ကိုယ်ယုံအောင်ပြောဖို့ သူ့ကိုခိုင်းခဲ့တာ? ဟား အဲ့လိုသာဆိုရင်ကိုယ် ပိုပြီးရိုးရိုးရှင်းရှင်းပဲလုပ်ခဲ့ပါတယ်"

သူတို့နှစ်ယောက်အပြန်အလှန်စိုက်ကြည့်နေကာ စဉ်းလဲမှုတွေ၊ သတိရှိမှုတွေပြည့်နေတဲ့ အပြုံးမျိုးကိုပြုံးလိုက်ကြတယ်။

"ယွင်လင်" ဖေရွှမ်ကရုတ်တရက်ပြုံးတာကိုရပ်ကာ နင်နင့်ကိုလေးနက်စွာကြည့်လာတယ်။ "မင်းကိုယ့်ကိုကူညီရမယ်"

နင်နင်ကြောင်သွားပြီးမှ သူ့ကိုလှောင်လိုက်တယ်။ "ကျွန်မကဘာဖြစ်လို့အဲ့လိုလုပ်ရမှာလဲ?"

နင်နင်ရဲ့ရှုထောင့်ကဖြစ်ဖြစ် ယွင်လင်ရဲ့ရှုထောင့်ကဖြစ်ဖြစ် သူမနားမလည်နိုင်ပါချေ။

နင်နင်ရဲ့ရှုထောင့်ကိုရှင်းပြစရာမလိုပေမဲ့ ယွင်လင်အတွက်ဆိုရင် သူမရဲ့အချစ်ကဘယ်လောက်ပဲနက်နဲနေပါစေ ဒီလိုသေရေးရှင်ရေးအခြေအနေအပြီးမှာ အဲ့အချစ်ကကွာကျလာမှာပဲဖြစ်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now