အခန်း ၈၆: မက်လုံး

2.6K 472 9
                                    

{Unicode}

အခန်း ၈၆: မက်လုံး

အနာဂတ်ကဘယ်လိုဖြစ်ပါစေ အခုပစ္စုပ္ပန်မှာ သူမကမုအာပဲဖြစ်တယ်။ လောကကြီးအကြောင်းကို ဘာမှသေချာမသိသေးတဲ့ နုနုနယ်နယ်မိန်းကလေးတစ်ယောက်၊ သူမရဲ့လိပ်ပြာသန့်နေသ၍ ပိုက်ဆံရဖို့အတွက် ဘာမဆိုလုပ်မယ့် မိန်းကလေးတစ်ယောက်ဖြစ်တယ်။

"...မရဘူး" နင်နင်စိတ်ရှုပ်ထွေးစွာနဲ့ ဆံပင်တွေကိုကုတ်လိုက်တယ်။ "ကျွန်မကြောက်တယ်..."

"ဘာကိုကြောက်နေရတာလဲ?" ဖေရွှမ်က အပြုံးတစ်ခုနဲ့ပြောလာတယ်။ "မစွန့်စားရင် ဆုလဒ်ကိုမရနိုင်ဘူး၊ မင်းသာမန်အလုပ်ပဲဆက်လုပ်နေမယ်ဆိုရင် နောက်ဆယ်နှစ်‌လောက်ဆက်ပြီး ပန်းကန်ဆေးမှ အခုမင်းစီးထားတဲ့သားရေဖိနပ်ကို ဝယ်နိုင်မှာ၊ ကိုယ်အခုပြောတာကို လက်ခံလိုက်မယ်ဆိုရင်တော့ မင်းအခုကြည့်နေတဲ့အိမ်ကို မကြာခင်မှာပဲ ဝယ်လာနိုင်လိမ့်မယ်"

"...အဲ့လိုမဖြစ်နိုင်ပါဘူး" နင်နင်ဘေးပတ်ပတ်လည်ကိုကြည့်လိုက်တယ်။ လျန်မိသားစုဝင်တွေက သူမကိုသတိနဲ့ပြန်ကြည့်လာကြတယ်။ သူမအသံကိုနှိမ့်ပြီး ပြောလိုက်တယ်။ "သူတို့ကိုတွေ့လား? အမွေအတွက် အဲ့လောက်လူအများကြီးနဲ့ပြိုင်ရမယ်ဆိုရင် ကျွန်မကအိမ်သာခန်းလောက်ပဲရလိမ့်မယ်"

ဖေရွှမ်ကဟမ့်ခနဲနှာမှုတ်လိုက်တယ်။ "မင်းနဲ့ပြိုင်နိုင်တဲ့သူက လက်ငါးချောင်းထက်မပိုဘူး... သခင်ကြီးလျန် ဘာဖြစ်လို့သူတို့ကိုခေါ်ထားတယ်ထင်လဲ?"

နင်နင်သူ့ကိုသံသယတွေနဲ့ကြည့်လိုက်တယ်။ သူမခံစားချက်သိပ်ကောင်းမနေပေ။

"သခင်ကြီးလျန်က သေချင်ယောင်ဆောင်ခဲ့တာ" ဖေရွှမ်ပြောလာတယ်။ "သေတမ်းစာကလည်းအတုပဲ၊ သူအဲ့လိုလုပ်ရတဲ့အကြောင်းရင်းက သူ့ရဲ့မိန်းမနဲ့ သားသမီးမြေးမြစ်တွေကို စမ်းသပ်ဖို့၊ လူအများကြီး အဲ့စမ်းသပ်ချက်ကိုမအောင်သွားကြတာ မင်းအမြင်ပဲလေ"

နင်နင်မျက်လုံးတွေကိုပြူးကာ သူ့ကိုလက်ညှိုးထိုးလိုက်တယ်။ "ရှင်... ရှင်..."

"ဟုတ်တယ်၊ အဲ့ဒါကိုယ်ပဲ" ဖေရွှမ်ရဲ့အပြုံးထဲမှာ ဂုဏ်ယူမှုအနည်းငယ်ရောယှက်လို့နေတယ်။ "ကိုယ်ပဲသခင်ကြီးလျန်ကို အဲ့လိုလုပ်ဖို့အကြံပေးခဲ့တာ"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now