{Unicode}
«ပဉ္စမ/ဇာတ်သိမ်း»
အခန်း ၉၀: ခံနိုင်ရည်
"ဘာဖြစ်လို့ မင်းတစ်ယောက်တည်းကိုပဲ နေခဲ့ခိုင်းလဲသိလား?" သခင်ကြီးလျန်က စိတ်ကျေနပ်စွာပြုံးရင်း မေးလာတယ်။
နင်နင်ရဲ့နှလုံးသားထဲမှာ မှန်လိုပဲရှင်းလင်းတဲ့အဖြေရှိနေပေမဲ့ အပြင်ပန်းမှာတော့ သူမစိတ်ရှုပ်ထွေးတဲ့အမူအရာနဲ့ ခေါင်းခါပြလိုက်တယ်။
"ချိန်ရှင်းက ဟင်းပွဲထဲမှာတစ်ခုခုရှိနေတယ်ဆိုတာကို သိနေတာတောင် မင်းအရှေ့မှာချပြီး မင်းစားမယ့်အချိန်ကို ဒီတိုင်းထိုင်ကြည့်နေတယ်" သခင်ကြီးလျန်က သက်ပြင်းထပ်ချလိုက်တယ်။ "လျန်ယွမ်ယွမ်ကကရော ဘာထူးလို့လဲ? သူလောင်ချန်ကို မီးဖိုခန်းထဲမှာတင် တားခဲ့လို့ရတာကို ဘာဖြစ်လို့ထမင်းစားပွဲပေါ်ရောက်တဲ့အထိ စောင့်နေသေးတာလဲ? သူဒီအဘိုးကြီးအရှေ့မှာ သရုပ်ဆောင်ပြချင်လို့ပဲ မဟုတ်ဘူးလား? ဒါပေမဲ့သူ့သရုပ်ဆောင်အရည်အချင်းကလည်း ချာတူးလန်နေတာပဲ၊ အကြာကြီးငိုတာတောင် မျက်ရည်တစ်စက်မှမကျဘူး..."
သူ့ရဲ့အမူအရာက ရုတ်တရက်ဗလာဖြစ်သွားကာ အထီးကျန်ဆန်ပုံပေါ်လာတယ်။ သူကသူ့ရဲ့ပိန်လှီနေတဲ့လက်နှစ်ဖက်ကို နင်နင့်ရဲ့အရှေ့ဆန့်ထုတ်ပေးလာတယ်။
နင်နင်သူ့အနားကိုလျှောက်သွားလိုက်တယ်။
သခင်ကြီးလျန်ကသူမကို အရုပ်မလေးတစ်ရုပ်လိုမျိုးပွေ့ဖက်ကာ သူ့ရဲ့တွန့်ရှုံ့နေတဲ့လက်ချောင်းတွေနဲ့ သူမရဲ့ဆံပင်တွေကိုသပ်ပေးလာတယ်။ "မင်းတစ်ယောက်ရှိနေလို့ တော်ပါသေးတယ်၊ အနည်းဆုံးတော့ အသိစိတ်ရှိတဲ့ လူတစ်ယောက်ရှိသေးတာပဲ... လျန်လျန်၊ အဘိုးမှာသမီးတစ်ယောက်ပဲကျန်တော့တယ်"
"လိမ်နေတာ" နင်နင်စိတ်ထဲမှာရေရွတ်လိုက်တယ်။
ဒီမိသားစုထဲမှာ အဆိပ်ခတ်ခံထားရတဲ့လူရှိမယ်ဆိုရင် အဲ့ဒီလူက သခင်ကြီးလျန်ပဲဖြစ်လောက်တယ်။
သူက 'ယုံမှားသံသယ' ဆိုတဲ့အဆိပ်ကို စားသုံးမိထားပြီဖြစ်တယ်။
အခုအချိန်ကနေစပြီး နောက်လာမယ့်နှစ်၂၀အထိ သူကသူ့မိသားစုတွေဝင်ပေါ်မှာ ဆက်တိုက်စမ်းသပ်ချက်တွေ လုပ်နေတော့မှာပဲဖြစ်တယ်။ အသေးစားစမ်းသပ်ချက်တွေက လအနည်းငယ်လောက်ကြာမှဖြစ်ပြီး ရှည်တယ်ဆိုရင်တော့ တစ်နှစ်ကျော်လောက်တောင်ကြာလိမ့်မယ်။
YOU ARE READING
ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »
Mystery / ThrillerFan translation of 这个电影我穿过 [I've Transmigrated Into This Movie Before] Author 梦魇殿下 [Mèngyǎn diànxià (Her Highness, the nightmare)] Status in COO 174 Chapters (+ 2 Extra Chapters) ©️ Cover illustration is fully credited to Z...