အခန်း ၁၁၆: သူ့ကိုအပိုင်ဖမ်း

2.3K 462 36
                                    

{Unicode}

အခန်း ၁၁၆: သူ့ကိုအပိုင်ဖမ်း

"ဈေးဆိုင်တန်းကကုန်တိုက်နားမှာ" နင်နင်ကားပြတင်းအပြင်ဘက်ကိုကြည့်လိုက်တယ်။

"အဲ့ဒီမှာပဲစောင့်နေ" ဝမ်ယွီပြောလာတယ်။ "ဆယ့်ငါးမိနစ်"

ဖုန်းချပြီးတာနဲ့ နင်နင်ထိုဆယ့်ငါးမိနစ်ကိုအသုံးချပြီး ကျန်းရှင်းအိုက်နဲ့ ဝမ်ယွီရဲ့ဆက်ဆံရေးကို သေချာသိရဖို့အတွက် သူမဖုန်းထဲကမက်ဆေ့ချ်တွေကို တစ်ခုမှမကျန် လိုက်စစ်ဆေးတော့တယ်။

သူမရဲ့နှုတ်ခမ်းထောင့်စွန်းလှုပ်သွားတယ်။

သူမတို့နှစ်ယောက်က ဟိုးကတည်းကရင်းနှီးခဲ့ကြတယ်။

ဝမ်ယွီရဲ့စိတ်ပညာဘာသာရပ်ဆရာက ကျန်းရှင်းအိုက်ရဲ့စိတ်ရောဂါဆရာဝန်ဖြစ်တယ်။

ပြဿနာက...

[ငါနဲ့ဒေါက်တာကျိုးကြားမှာ ဘာမှမရှိဘူး]

[တကယ်ပြောနေတာ!]

[ငါကနေမကောင်းဖြစ်နေတာ! ငါ့ကိုယ်ငါထိန်းလို့မရဘူး!]

သူမဘာကိုဆိုလိုတာလဲ? လူ့ကျင့်ဝတ်ဖောက်ပြန်တာကလည်း စိတ်ရောဂါတစ်မျိုးပဲလား?

ဝမ်ယွီပြန်ပို့ထားတဲ့စာတွေကို နင်နင်ဖတ်ကြည့်လိုက်တယ်။

[ဒေါက်တာကျိုးက ငါ‌လေးစားရတဲ့ဆရာတစ်ယောက်၊ ပြီးတော့ သူ့မှာဇနီးနဲ့ကလေးရှိတယ်၊ မင်းကိုယ်မင်းထိန်းထား]

သူဒုတိယမက်ဆေ့ချ်ကိုတော့ စာမပြန်ထားပေ။

[မင်းနေမကောင်းဖြစ်နေတာမဟုတ်သလို အဲ့ဒါကလည်း စိတ်ရောဂါမဟုတ်ဘူး၊ အဲ့ဒါကမင်းရဲ့ဝါသနာနဲ့ မင်းဘဝရဲ့အကျင့်ပဲ]

သူကခွဲစိတ်ခန်းသုံးဓားတစ်ချောင်းလိုမျိုး သူမရဲ့ညှို့ဓာတ်ပြင်းတဲ့ အပြင်ပန်းအရေပြားကိုခွာချပြီး အကျည်းတန်လွန်းတဲ့ အထဲကအရိုးတွေကိုလှစ်ဟခဲ့တာပဲ။ သူမရဲ့ပုံစံအစစ်အမှန်ကို ထိုးဖောက်မြင်နိုင်ခဲ့ရုံတင်မကဘဲ သူမနောက်ကွယ်မှာလုပ်နေတဲ့အရာတွေကိုပါ သူဖော်ထုတ်နိုင်ခဲ့တယ်။

သူမက ဝမ်ယွီနဲ့ ဒေါက်တာကျိုးကို တစ်ချိန်တည်းမှာမြှူဆွယ်နေတာပဲဖြစ်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now