အခန်း ၁၀၆: အနာဂတ်အိပ်မက်များ

2.4K 474 49
                                    

{Unicode}

အခန်း ၁၀၆: အနာဂတ်အိပ်မက်များ

"နောက်ဆယ်နှစ်ကျရင် နင်အားလုံးပိုင်ဆိုင်ထားလိမ့်မယ်၊ အောင်မြင်ကျော်ကြားမှုတွေ၊ ချီးမွှမ်းထောပနာစကားတွေ၊ နင့်ကိုသဘောကျတဲ့လူတွေ၊ လေးစားအားကျကြတဲ့လူတွေ၊ အများကြီးအများကြီး ရှိလာလိမ့်မယ်၊ နင်ဆုံးရှုံးခဲ့ရတာတစ်ခုက... နင်နင်ပဲ" နင်ယွိရန်ပြောလာတယ်။ "အဲ့ဒါကိုနင်လက်ခံနိုင်မှာမဟုတ်ဘူး၊ နင်သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲချင်လာလိမ့်မယ်၊ အဲ့ဒါကြောင့်မလို့ နင်စုဆောင်းရသမျှပိုက်ဆံအားလုံးကို ဖေရွှမ်ဆီကနေလက်မှတ်ဝယ်ဖို့အတွက် အသုံးချလိမ့်မယ်"

နင်ယွိရန်ကင်မရာကို လှောင်ပြုံးပြလိုက်တယ်။ အဲ့ဒါကအင်မတန်ခါးသီးတဲ့ အပြုံးပဲဖြစ်တယ်။ "အဲ့ဒါကနင့်အိပ်မက်ဆိုးတွေရဲ့အစပဲ"

ပထမလက်မှတ်က သာမန်လက်မှတ်– ကူးပြောင်းသွားမယ့်အချိန်နဲ့ ဇာတ်ကောင်ကို ပညတ်ခွင့်မပေးတဲ့ ရိုးရိုးလက်မှတ်။ အဲ့ဒီလက်မှတ်ကိုသုံးပြီး နင်ယွိရန်က <ရောဂါဝေဒနာ> ဆိုတဲ့ရုပ်ရှင်ထဲကို သူနာပြုတစ်ယောက်အနေနဲ့ ကူးပြောင်းလာခဲ့တယ်။

သူမရဲ့မျက်လုံးတွေကိုဖွင့်ပြီးပြီးချင်း ဘေးကလူတစ်ယောက်ကိုမေးခဲ့တာက: "ဒီနေ့ဘာနေ့လဲ?"

"‌ဇန်နဝါရီလ ၁၂ရက်နေ့၊ ၁၉၉၈ခုနှစ်လေ" ထိုလူကပြန်ဖြေလာတယ်။

နင်ယွိရန်ရဲ့မျှော်လင့်ချက်တွေ ခြေဖျက်ခံလိုက်ရတယ်။ သူမတကယ် တစ်လတည်းနဲ့လွဲသွားခဲ့တယ်။ သူမသာတစ်လကြိုစောရောက်ခဲ့ရင် သူမသမီးရဲ့အသက်ကို ကယ်တင်နိုင်ခဲ့လောက်မှာဖြစ်တယ်။

"ဘာဖြစ်လို့အဲ့မှာရပ်နေသေးတာလဲ? ဒီကိုမြန်မြန်လာကူ၊ အခန်း၃ကလူနာက မရေရာတဲ့အခြေအနေရောက်နေပြီ" သူနာပြုတစ်ယောက်က သူမကိုအော်ပြောလာတယ်။

နင်ယွိရန်ခေါင်းညိတ်လိုက်တယ်။ နှစ်ပေါင်းများစွာ ကူးပြောင်းခဲ့တဲ့အတွေ့အကြုံက သူမကိုဇာတ်ကောင်နဲ့တစ်သားတည်း နစ်မြုပ်သွားအောင်လုပ်လာခဲ့တယ်။ ဘယ်လောက်ပဲနာကျင်ရပါစေ သူမမျက်ရည်တွေကိုတောင်မသုတ်နိုင်ဘဲ အခန်း၃ရှိရာကို ပြေးသွားခဲ့ရတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now