အခန်း ၃၄: နှစ်မိနစ်သရုပ်ဆောင်ချိန်

3.8K 625 74
                                    

{Unicode}

အခန်း ၃၄: နှစ်မိနစ်သရုပ်ဆောင်ချိန်

"နှစ်မိနစ်" ချန်ရွှမ်းဟယ်ကဘေစင်ပေါ်လက်ထောက်ကာ သူ့ကိုယ်သူမှန်ထဲမှာကြည့်ပြီးပြောလိုက်တယ်။ "သူ့ကိုနင်းခြေပစ်လိုက်!"

ဧည့်ခန်းထဲပြန်ရောက်တော့ သူ့အဖေရဲ့အသံထွက်ပေါ်လာတယ်။

"မင်းကြည့်ရတာ စိတ်လှုပ်ရှားနေတဲ့ပုံပဲ" ဒါရိုက်တာချန်ကဆိုဖာပေါ်မှာထိုင်နေပြီး အနီရောင်ဝိုင်ပုလင်းကိုလက်တစ်ဖက်မှာကိုင်ထားတယ်။ သူကဖန်ခွက်တစ်ခွက်ကိုအနီရောင်ဝိုင်နဲ့ဖြည့်ကာ ချန်ရွှမ်းဟယ်ကိုကမ်းပေးလိုက်တယ်။ "တစ်ခွက်ယူမလား? စိတ်ငြိမ်အောင်"

"...မလိုဘူး" ချန်ရွှမ်းဟယ်ကဒါရိုက်တာချန်ကို စော်ကားခံလိုက်ရတဲ့အကြည့်မျိုးနဲ့ကြည့်လိုက်တယ်။ "အရင်တစ်ခေါက်ကလိုအဖြစ်မျိုးထပ်ဖြစ်မှာမဟုတ်ဘူး"

"အို?" ဒါရိုက်တာချန်ကဝိုင်ခွက်ကိုပြန်ယူပြီး တစ်ငုံသောက်လိုက်တယ်။ "တော်တော်လေးယုံကြည်ချက်ရှိနေပုံပဲ?"

"သေချာတာပေါ့" ချန်ရွှမ်းဟယ်ကအေးစက်စက်ပြောလိုက်တယ်။ "ကျွန်တော်သေသေချာချာစဉ်းစားကြည့်ပြီးသွားပြီ၊ သူအရင်တစ်ခေါက်လူရွေးပွဲမှာလုပ်ပြသွားတာက သရုပ်ဆောင်တာလုံးဝမဟုတ်ဘူး!"

လူတစ်ယောက်ရဲ့အရည်အချင်းက အချိန်တိုလေးအတွင်းမှာအဲ့လောက်ထိတိုးတက်လာဖို့မဖြစ်နိုင်ဘူး။ အဲ့ဒါမျိုးကို ဉာဏ်ကြီးရှင်တစ်ယောက်ကလုပ်ရင်လုပ်နိုင်လိမ့်မယ်၊ ဒါပေမဲ့ နင်နင်ကဉာဏ်ကြီးရှင်တစ်ယောက်လို့တော့ ချန်ရွှမ်းဟယ်မထင်ပါချေ။ သူမကိုအလယ်အလတ်ပဲလို့ပြောရင်တောင် ချီးကျူးတာဖြစ်နေပြီ!

အရင်တစ်ခေါက် <ရုပ်ဆိုးမ> လူရွေးပဲတုန်းက သူမအံ့ဩဖို့ကောင်းလောက်အောင်သရုပ်ဆောင်နိုင်သွားတာကို ရှင်းပြနိုင်တဲ့အကြောင်းပြချက်တစ်ခုပဲရှိတယ်...

"ဒီတိုင်းတိုက်ဆိုင်သွားတာသက်သက်ပဲ" ချန်ရွှမ်းဟယ်ဖြည်းဖြည်းချင်းပြောလိုက်တယ်။ "သူ့အမေဆုံးသွားတော့ ဇာတ်လမ်းထဲကဇာတ်ကောင်ရဲ့ခံစားချက်နဲ့ သူ့ရဲ့ခံစားချက်တွေတိုက်ဆိုင်သွားတာလေးပဲ၊ အဲ့ဒီတုန်းက သူချူလင်ကိုသရုပ်ဆောင်နေတာမဟုတ်ဘူး၊ သူ့ကိုယ်သူပြန်သရုပ်ဆောင်နေတာ"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Donde viven las historias. Descúbrelo ahora