အခန်း ၈၃: အစ

2.5K 487 46
                                    

{Unicode}

အခန်း ၈၃: အစ

"ဖတ်တီးငတုံး"

"ပျင်းစရာကြီးပဲ၊ ဖရဲသီးတစ်လုံးယူခဲ့၊ ငါမြှားပစ်ချင်တယ်"

"ဖရဲသီးမရှိဘူးပေါ့လေ? အဲ့ဒါဆိုနင်ဟိုနားမှာသွားရပ်နေ မလှုပ်နဲ့"

နင်နင်လက်ထဲမှာကိုင်ထားတဲ့မြှားတံတိုနဲ့ သူ့ကိုရွယ်ကာ စရေတွက်လိုက်တယ်။ "တစ်၊ နှစ်၊ သုံး..."

နင်ဘာဖြစ်လို့မရှောင်သေးတာလဲ?!

"ငါး၊ ခြောက်၊ ခုနစ်... ရှစ်ဆယ်၊ ရှစ်ဆယ့်တစ်၊ ရှစ်ဆယ့်နှစ်..." နင်နင်အနောက်ပြန်လှည့်လို့မရတော့တဲ့အချိန်မှာ တံခါးပွင့်လာခဲ့တယ်။ ဖေရွှမ်ကအမျိုးသမီးတစ်ယောက်နဲ့အတူ အိမ်ထဲဝင်လာတယ်။ ဆော့ကစားနေတာကိုလူမိသွားတဲ့ ကလေးတစ်ယောက်လိုမျိုး နင်နင်မြှားတံတိုကို ချက်ချင်းဝှက်လိုက်တယ်။ "ရှင်ရောက်လာပြီပဲ"

"သခင်မလေးရဲ့သင်ခန်းစာချိန်ရောက်ပြီ" ဖေရွှမ်သူ့အနောက်ကလျှောက်လာတဲ့ အမျိုးသမီးကိုမိတ်ဆက်ပေးလာတယ်။ "ဒါကဆရာမလီ၊ အခုအချိန်ကနေစပြီး နောက်နှစ်လအတွင်း ကျင့်ဝတ်ထုံးတမ်းတွေသင်ပေးဖို့အတွက် သူတာဝန်ယူပေးလိမ့်မယ်"

ထိုဆရာမက အသက်၃၀-၄၀ကြားလောက်ရှိမယ်ထင်ရတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်။

သူမရဲ့ပုံပန်းသဏ္ဍာန်က လျန်လျန်ကိုသွားပြီးအမှတ်ရစေတယ်– နီရဲနေတဲ့နှုတ်ခမ်းအစုံနဲ့ ချီဖောင်ကိုဝတ်ဆင်ထားပြီး လက်ထဲမှာဆေးတံကိုကိုင်လို့ထားတယ်။ လျန်လျန်ကသူမရဲ့ဆရာမဆီကနေ သေချာသင်ယူနိုင်ခဲ့တာပဲလို့ ကောက်ချက်ချလို့ရတယ်။

"စိတ်မပူပါနဲ့" ထိုဆရာမကနှုတ်ခမ်းသပ်လိုက်တယ်။ "တို့သူ့ကိုသေချာသင်ပေးပါ့မယ်"

နောက်တစ်ပတ်အကြာမှာ စာကြည့်ခန်းတံခါးကို နင်နင်ခေါက်လိုက်တယ်။

"ဝင်လာပါ" ဖေရွှမ်ရဲ့အသံထွက်ပေါ်လာတယ်။

တံခါးပွင့်ဟသွားကာ နင်နင်လျှောက်ဝင်လာခဲ့တယ်။ သူမတဲ့တိုးဆန်ဆန်ပြောလိုက်တယ်။ "ကျွန်မပဲနားကြားမှားသွားတာလား? ကျွန်မသရုပ်ဆောင်ရမယ့်သူက သူဌေးကြီးတစ်ယောက်ရဲ့ တရားမဝင်သမီးလို့ ရှင်ပြောတယ်နော်၊ တရားမဝင်ချစ်သူမဟုတ်ဘဲနဲ့?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now