အခန်း ၄၁: ပထမဆုံးချစ်ရေးဆိုခံရခြင်း

3.4K 611 65
                                    

{Unicode}

အခန်း ၄၁: ပထမဆုံးချစ်ရေးဆိုခံရခြင်း

"သေချာပေါက်နင်ယွိရန်ပဲဖြစ်ရမှာပေါ့!"

ဒါရိုက်တာရှီခေါင်းလှည့်ကြည့်လိုက်တယ်။ သူ့မျက်နှာပေါ်မှာက 'ငါပြောလို့မပြီးသေးတာကို ဘယ်သူဖြတ်ပြောရဲတာလဲ?' လို့အထင်းသားရေးလို့ထားတယ်။

အဲ့ဒါကချန်ကွမ်းချောင်ဖြစ်တယ်။

"ယိုလင်ရဲ့မင်းသမီးလင်ရှန်းကလှပေမဲ့ ပရိသတ်ကိုဘာမှမခံစားရစေဘူး၊ အဲ့လိုမျိုးတွေ ဈေးကွက်ထဲမှာအများကြီးပဲရှိတယ်!" ချန်ကွမ်းချောင်ကနင်ယွိရန်နဲ့နှိုင်းယှဉ်ပြီးပြောလာတယ်။ "သူ့ကိုကြည့်၊ ပုံမှန်နဲ့မတူဘူး၊ လူသေလိုပဲညှို့ဓာတ်ပြင်းတယ်"

ခုနကမှစိတ်ငြိမ်ကျသွားတဲ့လူတွေက တစ်ခါပြန်ပြီးဆွေးနွေးလာကြတယ်။

ချန်ကွမ်းချောင်ရဲ့မျက်နှာပေါ်မှာ အနိုင်ရတဲ့အပြုံးမျိုးပေါ်လာရုံပဲရှိသေးတယ်၊ ပျင်းရိပျင်းတွဲအသံတစ်သံက လူအုပ်ထဲကနေပေါ်ထွက်လာခဲ့တယ်။

"နင်ယွိရန်သရုပ်ဆောင်သွားတာကောင်းပါတယ်၊ ရုပ်ရှင်တစ်ခုလုံးကို တစ်ဖက်စောင်းနင်းဖြစ်သွားစေနိုင်တဲ့အထိ"

ချန်ကွမ်းချောင်အံ့ဩသွားတယ်။ သူအသံလာရာကိုကြည့်လိုက်တော့ ပြုံးနေတဲ့ရှီကျုံးထန်ကိုတွေ့လိုက်ရတယ်။

"အခုအကုန်လုံးက ဘယ်သူပိုတော်တယ်မတော်ဘူးဆိုတာမှာပဲတိုင်ပတ်နေကြတာ၊ <ပန်းချီကားထဲကလူ> ရဲ့အဓိကဇာတ်လမ်းကို မေ့နေကြပြီထင်တယ်၊ ဇာတ်လမ်းရဲ့အရေးအကြီးဆုံး အသေးစိတ်အချက်အလက်ကဘာလဲ? ဇာတ်လိုက်ကပန်းချီကားထဲကလူကို အရူးအမူးစွဲလမ်းသွားလို့ သူ့ရဲ့အဖေတောင်အခြားဘာမှမတတ်နိုင်တော့ဘဲ သူ့သားကိုမြှူဆွယ်ဖို့အတွက် အခြားတစ်ယောက်ကိုခိုင်းခဲ့ရတာမဟုတ်ဘူးလား? အခုသူ့ကိုကြည့်ကြည့်"

လူတိုင်းနင်ယွိရန်ကိုပြိုင်တူကြည့်လိုက်ကြတယ်။

သူမသာတစ်နေရာထဲမှာ အချိန်တစ်ခုအထိမတ်တပ်ရပ်နေရင် မကြာခင်အဲ့ဒီနေရာမှာ မှိုတွေပေါက်လာတော့မယ်လို့ထင်ရတဲ့အထိ အုံ့မှိုင်းနေတဲ့သရုပ်ဆောင်တစ်ယောက်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Donde viven las historias. Descúbrelo ahora